Kill Love (10)
ဒုန်း......လူတစ်ယောက် လေပေါ်မြောက်တက်ကာ
တော်တော်ဝေးဝေးထိလွင့်စင်သွားသည်။
တိုက်သည့်ကားသည် အနက်ရောင်
မာစီးတီးကားဖြစ်ပြီး ထိုကားထဲကလူတွေဟာ
တိုက်ခံရသည့်လူတစ်ယောက်ကို
ကားထဲသယ်ထည့်ပြီး ခေါ်ဆောင်သွားခဲ့သည်။
ထိုကားသည်လိုင်စင်ဘုတ်ပြားတပ်စင်ထားခြင်းမရှိ။လူသူအနေထိုင်နည်းပါးသည့်မြို့ပြင်ဖြစ်တာရယ်
ချမ်းသာသည့်ရပ်ကွက်ဖြစ်သည့်အတွက်
ကျယ်ဝန်းတဲ့ခြံနဲ့ အိမ်ကြီးတွေသာရှိသဖြင့်
လူသူအသွားအလာနည်းသည်။ထိုအတွက်ကြောင့်
ကားတိုက်သံကိုကြားသော်လည်း
မည်သူမျှ ထွက်မကြည့်ပေ။
သွေးတွေပေနေသည့်ထိုလူဟာ
အခြားသူမဟုတ် အတ္တတံခွန်ဖြစ်ပေသည်။ကားထဲခေါ်သွားသည်အထိ အတ္တအသိစိတ်
ရှိသေးသော်လည်း ကားထဲရောက်သည့်အခါတွင်
အတ္တ သတိမရှိတော့သည့်လူတစ်ယောက်လို
မေ့မြောသွားခဲ့သည်။
.
.
.
လူသူများပြားသည့်လေဆိပ်တွင်
မေရယ် မြူမှုန်ရယ်နဲ့ သုန်သုန်လေးတို့
၃ယောက် လေယာဥ်လက်မှတ်ကိုင်ကာ
လေယာဥ်ထွက်ခွာချိန်ကို ရင်တမမဖြင့်
ထိုင်စောင့်နေကြသည်။ကုဒြာချိုလူတွေပဲ လာရှာမလား
ပြန်မိသွားလေမလားဆိုသည့်
အတွေးများစွာဖြင့် ရင်ပူစွာပင်
စောင့်ဆိုင်းနေစဥ် မေ၏ဖုန်းသံ
ထမြည်လာခဲ့သည်။တင်းတင်တင်တင်း... တင်းတင်းတင်း..
တင်းတင်တင်တင်း...တင်းတင်းတင်း." မေ ဘယ်သူ့ဖုန်းကြီးလဲဟင် "
မြူမှုန်အလန့်တကြား မေအက္ခရာကို
မေးနေမိသည်။" စေညွှန်ရာအိမ်ကဖုန်းပါ စိတ်မပူပါနဲ့
မြူမှုန် "မေလည်းဖုန်းကိုကိုင်ရန် accept နှိပ်လိုက်သည်။
" hello မေပြောနေပါတယ် "
' သမီး အန်တီရှင်းပါ သမီးအခုလေဆိပ်ကနေ
မထွက်ရသေးဘူးမလားဟင် ပြန်လာခဲ့ပါလား
အန်တီလည်းဘာလုပ်လို့လုပ်ရမှန်း မသိတော့
ပါဘူး သမီးရယ် 'ငိုသံလိုလို တုန်နေသည့် အန်တီရှင်း၏အသံကြောင့်
မေစိတ်ပူမိသည်။
![](https://img.wattpad.com/cover/292620756-288-k703915.jpg)
YOU ARE READING
Kill Love (ongoing) U+Z
Fantasy[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...