KL (15) U+Z

734 53 33
                                    

KillKill Love (15)

မြင်းလေးနဲ့လှည်းလုံးလေးဟာ
ချလုတ်ချလုတ်နဲ့မြည်နေရင်း အေးချမ်းသာယာတဲ့
ရှူခင်းတွေနဲ့ပြည့်နေတဲ့ ရွာတစ်ရွာဆီရောက်ရှိလို့လာခဲ့သည်။

ထိုလှည်းရောက်သည့်နေရာသည်
ချယ်ရီပင်တစ်ပင်ဝေဝေဆာဆာပွင့်နေသည့်
ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်လေသည်။
ထိုကျောင်းဝင်းရှေ့ရောက်သော် နက်ရှိုင်းဟာ
လှည်းပေါ်ကနေဦးစွာဆင်းပြီး ဝှီးချဲတစ်ခုကိုလည်း
အလျင်အမြန်ချလာခဲ့သည်။

အတ္တ၏လှုပ်မရတော့သည့်ခြေထောက်ဟာ
ချက်ချင်းဆိုသလိုပြန်လျောက်၍မရနိုင်။
ထိုအတွက်ကြောင့် နက်ရှိုင်းချလာပေးသည့်
ဝှီးချဲပေါ် တိမ်နဲ့နက်ရှိုင်း နှစ်ဦးသားအတ္တကို
ကူတွဲရင်းတင်လိုက်ကြသည်။

" ဒါဘယ်နေရာလဲ "

" ရွာဦးဘုန်းကြီးကျောင်းပါအစ်ကို "

" ဘုန်းကြီးကျောင်းက ဘာလုပ်တဲ့နေရာလဲ "

" ဟင်! အစ်ကိုက ဘုန်းကြီးကျောင်းတောင်မသိတော့ဘူးလား "

" မတွေ့ဖူးဘူး "

နက်ရှိုင်းနဲ့တိမ် တစ်ယောက်ကိုတစ်ယောက်ကို
ကြည့်ကာ နက်ရှိုင်းဖြေသမျှအတ္တငြင်းနေ၍
သူတို့နှစ်ဦးလည်းအံ့သြသွားခဲ့ရသည်။

" ဘုန်းကြီးကျောင်းဆိုတာ သာသနာပြုတဲ့နေရာ
လို့ဆိုရမှာပေါ့ "

" သြော် သာသနာကဘာလဲ "

" ဟေ အစ်ကို အစ်ကိုက ဘယ်ဘာသာ
ကိုးကွယ်တာလဲ ".

" စေညွှန်ရာ "

" ဟင် အစ်ကို့နာမည်လား "

" အမ်း...နာမည်ကဘာလဲ "

" ဟင် အစ်ကို! ထားပါတော့ထားပါတော့
စေညွှန်ရာကဘယ်သူလဲ "

" ကိုးကွယ်ရာလေ "

" ဟာ အကိုတော့ ဒုက္ခပါပဲ ကျွန်တော်ပြောတဲ့
ကိုးကွယ်ရာဆိုတာ ဗုဒ္ဓဘာသာလား ၊ ခရစ်ယာန် လား ၊ ဟိန္ဒူ လား ၊ အစ္စလာမ် လား အဲ့လို ဘာသာရေးကိုပြောတာလေဗျာ "

" ဘာတွေပြောနေတာလဲ စိတ်ရှုပ်လိုက်တာ
ကျွန်တော်သိသလောက် ကျွန်တော့်ကိုးကွယ်ရာက
စေညွှန်ရာပဲ "

Kill Love (ongoing) U+ZDonde viven las historias. Descúbrelo ahora