Kill Love (6)
အေးစက်တဲ့ ဆောင်းမနက်ခင်းမှာ
တစ်အိမ်လုံးတိတ်ဆိတ်လှသည်။ဦးမုန်းမာန်လည်း လေ့ကျန့်ခန်းအနေနဲ့
လမ်းတစ်ပတ်လျှောက်ပြီးအပြန်
အိမ်ထဲဝင်လာသည်ထိ
အိမ်ကြီးဟာတိတ်ဆိတ်နေဆဲ ။" သခင်ကြီး မနက်စာစားတော့မလား "
ထမင်းစားခန်းဘက်လျှောက်ဝင်လာတော့
ထမင်းချက်အန်တီရှင်းကမေးလာသည်။" သားရောမဆင်းလာသေးဘူးလား
သူလာမှ အတူတူစားမယ် "" လာပါပြီးပါးပါးရေ လာနေပြီး "
လက်ဆွဲအိတ်လေးနဲ့
အနီရင့်ရောင် Shirt လက်ရှည်နဲ့
တိုင်ပန် အမည်း လေးနဲ့ ခန့်ခန့်ညားညား
ဆင်းလာသည့် သူ၏သားဖြစ်သူ
စေညွှန်ရာကို ကြည့်ကာ ဦးမုန်းမာန်
အကျေနပ်ကြီး ပြုံးနေမိသည်။" အန်တီရှင်းမနက်စာရပြီးလား "
" အဆင်သင့်ပါပဲ သခင်လေးနဲ့
သခင်ကြီး "သားအဖနှစ်ယောက်လည်း
လက်ဆုံမစားရတာကြာ၍
မနက်စာ အုန်းနို့ခေါက်ဆွဲလေးကို
အတူတူစားနေကြသည်။" အန်တီရှင်းကတော့လေ
ဖေဖေပြန်လာတာနဲ့ ဖေဖေ့အကြိုက်
လုပ်ကျွေးပြီးသားပဲနော် "". သခင်ကြီး မြန်မာပြည်ကလက်ရာနဲ့
ဝေးကွာနေတာကြာတော့ စေတနာနဲ့
လုပ်ပေးတာပါတော် "" ဟုတ်တယ် အန်တီရှင်းလက်ရာထဲမှာ
စေတနာပါမှန်း သိသာတယ်ဗျာ "" ဒါနဲ့ ပါးပါး ဘာလို့ ဟိုအိမ်မပြန်တာလဲ "
" ဘယ်သူမှမရှိတာ သားဆီပဲလာမှာပေါ့
ဒီနေ့တော့တစ်ချက်လှည့်ကြည့်မလို့ဘဲ
အိမ်ထိန်းကြီးရှိတာပဲ စိတ်ချရပါတယ်သားရယ် "စကားလေးပြောလိုက်စားနေလိုက်နဲ့
သားအဖနှစ်ယောက်အဆင်ပြေလှပါသည်။" သား သားတို့အိမ်ထောင်ရေး
အဆင်ပြေရဲ့လား ပါးပါးကိုပြောနော်
အားမနာနဲ့ "" ဗျာ...ပြေပါတယ် ပါးပါးရဲ့ "
ပါးပါးကအခုလို အရာနဲ့ပတ်သတ်ပြီး
အချစ်ရေးအိမ်ထောင်ရေး ဝင်စွက်ဖက်ခြင်း
မရှိခဲ့ဖူးပေ ။ ထိုအတွက်ကြောင့်လည်း
အရာ အနည်းငယ်တော့ အံ့သြမိသည်။
YOU ARE READING
Kill Love (ongoing) U+Z
Fantasy[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...