Kill Love (9)
အနီရောင်ပန်းတွေခြံရံပြီး
အနီရောင်တိုက်ကြီးနဲ့အလှဆင်ထားသည့်
အရာ၏အိမ်ဟာ ယနေ့မှာ ပိုပြီးတိတ်ဆိတ်နေသည်။" ဘာ !!! မြူမှုန်ပျောက်သွားတယ် "
ထိတ်လန့်တုန်လှုပ်စွာ
ကျယ်လောင်သည့်အတ္တ၏အသံဟာ
အပေါ်ထပ်အခန်းငယ်ထဲကနေ
အောက်ထပ်မိီးဖိုခန်းထိ အထင်းသား
ကြားရသည်။ဝူး.....
ပြိုင်ကားတစ်စီးဟာလည်း အိမ်ထဲသို့
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။မီးဖိုခန်းထဲကအန်တီးရှင်းဟာလည်း
အတ္တဆီသွားဖို့ရန်မီးဖိုခန်းကအထွက်
စာရွက်တစ်ရွက်နဲ့အတူ ဒေါကြီးမောကြီး
ဝင်လာတဲ့အရာနဲ့ အပေါ်ထပ်ကနေ
ဝရုန်းသုန်းကားပြေးဆင်းလာသည့် အတ္တ
လှေကားရှေ့တွင် အကြည့်ချင်းစစ်တိုက်
နေသည်ကို မြင်လိုက်ရသည်။ကောင်းသောဖြစ်လာခြင်းမဟုတ်သည့်
အခြေအနေကြားမှာ အန်တီရှင်းတစ်ယောက်
ထိတ်လန့်စွာ နှုတ်ဆိတ်နေရသည်။ရှည်လျားသည့်ဆံပင်များပွကြဲနေသည့်တိုင်
အတ္တ၏မျက်နှာမှာလည်း ဒေါသအငွေ့အသက်များ
ပြည့်နှက်နေသည်။DNA result စာရွက်ကိုတင်းတင်းကြီး
ဆုပ်ကိုင်ထားသည့်အရာ၏လက်ဟာ
ခြောက်သွေ့ကပ်ပေနေတဲ့ အနီရောင်
သွေးစနှင့်အတူ ထောင်နေသည့်
အကြောဟာလည်း ဒေါသငယ်ထိပ်
ရောက်စေသည်အထိ အားပေးနေသယောင်၊
နားထင်ကြောလည်း မို့မို့မောက်မောက်
ထောင်နေသည်။အတ္တ၏အကြည့်ထဲမှာ အရာကိုအထင်သေး
အပြစ်တင်သည့်အကြည့်များပြည့်နှက်နေပြီး
အရာ၏အကြည့်ထဲမှာ မေခွန်းများထင်ဟပ်နေသည်။* ဘာကြောင့်လဲ အတ္တကဘာကြောင့်
ငါ့ကိုအထင်သေးသည့်အကြည့်နဲ့ ကြည့်ပြီး
မထွက်ဖူးတဲ့ ဒေါသတွေ ထွက်နေရတာလဲ *" မြူမှုန်ငယ် ဘယ်မှာလဲ "
ထင်မှတ်မထားသည့်မေးခွန်းနှင့်အတူ
ကြားလိုက်ရသည့်နာမည်ကြောင့်
အရာ၏ ရင်ဘတ် ဒေါင်းခနဲထိုးခံလိုက်ရသလို။" ဘာ !!! မြူမှုန်ငယ်ဟုတ်လားအတ္တ
မင်းဖွက်ထားတာမင်းသိမှာပေါ့ "
![](https://img.wattpad.com/cover/292620756-288-k703915.jpg)
YOU ARE READING
Kill Love (ongoing) U+Z
Fantasy[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...