Unicode
Kill Love (2)
*တစ်ခါမှ ဒီလောက်ထိအိပ်မပျော်ဖူးဘူး။
အာ ငါသတိမေ့ခဲ့တာပဲ အိပ်ပျော်ခဲ့တာမှမဟုတ်ပါ *ဆောင်းတွင်းဖြစ်သည့် ဒီဇင်ဘာမနက်ခင်းမှာ
နိုးကြားလာသည့် အတ္တ၊ အေးစက်နေတဲ့
ကုတင်ရယ်ပြတင်းပေါက်ကနေ တိုးဝင်နေသည့်
မုတ်သုံလေ အေးအေးလေးတွေရယ်နဲ့
ခြောက်နေတဲ့ ကျွန်တော့်နှုတ်ခမ်းရယ်။မျက်လုံးနှစ်လုံးကိုဖွင့်လိုက်တော့
မြင်နေကြ အနီရောင်မျက်နှာကျက် ၊
အနီရောင်ခေါင်းအုံး ၊ ကုတင်စောင်တွေနဲ့
အနီရောင်နံရံတွေ ၊ ထူးခြားတာဆိုလို့
ပြတင်းပေါက်လိုက်ကာလေးပဲရှိတယ်။
လိုက်ကာလေးက အဖြူရောင်ပိတ်စနဲ့လေ ။တဖြူးဖြူးတိုက်နေတဲ့လေကြောင့် အဖြူရောင်
လိုက်ကာလေးက လွင့်ထွက်နေတယ် ။
အနီရောင်နံရံကြီးကြောင့်
အဖြူရောင်လိုက်ကာလေးက ထင်ပေါ်စွာ
လှပနေတယ် ။
ဒါကျွန်တော်နိုးထနေကြ အဓိပ္ပါယ်မဲ့တဲ့
မနက်ခင်းများစွာပေါ့ ။အတ္တ ကုတင်ပေါ်ကနေကုန်းထလိုက်ပြီး
ပြတင်းပေါက်စီ ဦးတည်လိုက်တယ်။
စုတ်ဖွားနေတဲ့ ဆံရှည်တွေနဲ့
ရှည်နေတဲ့ နှုတ်ခမ်းမွေးနဲ့ ပသိုင်းမွေးတွေနဲ့
အဖြူရောင်လိုက်ကာတွေကြားနေရာယူကာ
မနက်ခင်းနေရောင်နဲ့ ထိတွေ့ပြီး
မျက်လုံးများမှိတ်ချလိုက်တယ် ။
ပြီးနောက် အတ္တရေရွတ်နေကြ စကားတစ်ခွန်းကို
တိုးတိုးလေးရေရွတ်လိုက်တယ် ။"ဒီမနက်မှာ 3375 ခွန်း ပြည့်ပြီး အရာ "
* လက်ထပ်တဲ့နေ့ကစပြီး ဒီနေ့ထိ
မင်းကို ချစ်တယ်လို့ ငါပြောခဲ့တဲ့အရေအတွက်လေ ၊
မင်းကမှတ်မိချင်မှ မှတ်မိမှာ
ငါကတော့မှတ်မိနေတယ်
3374 ခွန်းထိ မင်းငါ့ကိုချစ်တယ်လို့
တစ်ခွန်းမှ ပြန်မပြောခဲ့ဘူးလေ
မင်းငါ့ကိုတကယ်မချစ်တော့ဘူးလား အရာ *" အတ္တ မင်းနိုးနေရင်လည်း အောက်ဆင်းလာတော့ "
မနိုးခင်ကတည်းကအခန်းထဲမှာ
အရာ ရှိနေခဲ့တာလား ၊ အခုမှဝင်လာတာလား
အတ္တသေချာမသိ၊ အသံကြားတော့မှ
လှည့်ကြည့်မိတယ် ၊ အရာဟာ အနီရောင်
စွယ်တာလက်ရှည်နဲ့ ဘောင်းဘီအဖြူလေးနဲ့
သိပ်ကိုခန့်ညားနေတယ် ။

ESTÁS LEYENDO
Kill Love (ongoing) U+Z
Fantasía[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...