KL (5) U+Z

849 57 18
                                    

Kill Love (5)

ဒီဇင်ဘာညနေခင်းလေး တစ်ခုဟာ
ဆောင်းအငွေ့အသက်အေးအေးလေးနဲ့
ချမ်းစိမ့်လှပါသည်။

အနီရောင်နှစ်ထပ်တိုက်ကြီးရှိတဲ့
ခြံကျယ်ကြီးထဲမှာ Dinner table လေး
တစ်လုံးရယ် လူ၃ယောက်ရယ်နဲ့
အစားအစာစုံလင်စွာဖြင့် တည်ခင်းထား၏။

အနားနားတွင် ကွန်ကရစ်ဖြင့်လုပ်ထားသည့်
မီးပုံမီးဖိုလေးတစ်ခုရှိလေ၏။

တိတ်ဆိတ်နေတဲ့ထိုထမင်းဝိုင်းထဲမှာ
ဟူတီအဖြူရောင်နဲ့ အတ္တကို
စိုက်ကြည့်နေတဲ့ အရာရယ် ၊
အတ္တ တစ်လှည့် ၊ အရာတစ်အလှည့်ကြည့်ပြီး အခြေအနေကိုအကဲခတ်နေတဲ့ မေ ရယ်။

အေးစက်နေတဲ့ ဒီဇင်ဘာမှာ
အေးစက်နေတဲ့လေထုကြောင့်
မေ အနေခက်လှ၏။
ထိုတိတ်ဆိတ်နေသည့် Dinner ဝိုင်းကို
မေ စတင်ပြီးဖြိုခွဲလိုက်သည်။

" အဟမ်း... အရာ ငါတို့စားရအောင်လေ
အေးတယ် ပြီးရင်အထဲဝင်ရအောင်လေ "

အတ္တက မေကို တစ်ချက်လှည့်ကြည့်တယ် ၊
ပြီးနောက် မေဝတ်ထားသည့် စကတ်တိုကို
တစ်ချက်ကြည့်တယ် ၊ ပြီးနောက်မှာ

" မေ အေးမှာပေါ့ ဒီမှာဆောင်းက
အရမ်းအေးတာလေ နောက်ဆို
အတိုတွေမဝတ်ပါနဲ့ "

စကားဆုံးတော့ ပန်ကန်ပြားထဲက
အသားကိုလှီးကာအတ္တ အေးစက်စွာပင်
တစ်လုတ်ထည့်စားလိုက်သည်။

နောက်ထပ်အသားတုံးတစ်တုံးလှီးဖို့
ကြံလိုက်အချိန်မှာပင်
ဓားကိုင်ထားတဲ့ လက် ရပ်တန့်သွားပြီး
ရွေ့လျားနေတဲ့အရာဆီ အတ္တအကြည့်များ
စူးစူးစိုက်စိုက်ရောက်ရှိသွားတော့သည်။

" မေ ရော့ ငါအနွေးထည်လေးခြုံထား
နေမကောင်းဖြစ်နေမယ် "

" ရပါတယ် မေ အဆင်ပြေပါတယ် "

" ဘာမှမရဘူး နှင်းတွေတောင်ကျနေပြီး
နင်မမြင်ဘူးလား ခြံဆိုခြုံထားလိုက် မေ "

အရာ၏ အမ်ိန့်ဆန်သောစကားကြောင့်
မေလည်းအရာ့အနွေးထည်ကို ခြုံလိုက်ရသည်။
အရာ ကတော့အေးဆေးစွာပင်နေရာတွင်
ပြန်ထိုင်ကာ အသားကိုအေးဆေးစားနေ၏။

အတ္တမှာတော့ အမည်မဖော်နိုင်သော
မဟုတ်ဘူး အမည်ဖော်ခွင့်မရှိသော
သဝန်တိုစိတ် နဲ့ ဒေါသစိတ်အနည်းငယ်
အပါအဝင် ဝမ်းနည်းစိတ်လည်းထပ်တူ
ပေါ်ပေါက်လာခဲ့သည်။

Kill Love (ongoing) U+ZWhere stories live. Discover now