KL (11) U+Z

717 53 11
                                    

Kill Love (11)

" အတ္တ တော်သေးလို့မင်းရောက်လာတယ်
အဲ့ကောင်ကဘယ်သူလဲ "

ခရိုင်လှမ်းမေးလိုက်သူဟာ ဂျင်းပြာရောင်ရှပ်လက်ရှည်နဲ့ အမည်းရောင်ဂျင်းသားဘောင်းဘီတို့နဲ့
ခန့်ညားနေတဲ့ EP မေဂျာအပါအဝင်တစ်ကျောင်းလုံး
ရဲ့King ဟောင်း အတ္တတံခွန်ဖြစ်လေသည်။

" Civil king လေမင်းနဲ့တစ်ခန်းထဲပဲ စေညွှန်ရာတဲ့ "

မီခိုးရောင်စွယ်တာနဲ့ ခရိုင်မှာ မကျေနပ်သည့်မျက်နှာဖြင့် ထွက်ပြေးသွားသူ စေညွှန်ရာကိုကြည့်ရင်း
အတ္တကိုမကျေနပ်ချက်တွေထုတ်ပြောနေသည်။
သို့သော်သူကြည့်လိုက်သည့်ဘက်တွင် အရာကို
မမြင်ရတော့ပေ။

" ဟ ဘဝင်ရူးနေတာလား ဗလိုင်းကြီးငါ့ကို
ဖဲ့သွားတာ "

" ဟားဟား အဲ့တာက သူ့အနားကို
အဲ့လိုလူတွေပဲ ကပ်နေတာကိုး "

သူတို့နှစ်ယောက်၏စကားကိုမနီးမဝေးက
ပန်းခြုံကြားထဲခိုးနားထောင်နေသူဟာ
စေညွှန်ရာဖြစ်ပေသည်။

" သြော်.... သူက Gay မို့လား "

" အင်း "

" မင်းကဘယ်လိုလုပ် သူ့ကိုသိနေတာလဲ "

" Kingအပြင် ဒိီလောက်မာနကြီးတာ မသိစရာလား "

" သြော် ".

" အင်း အတန်းသွားတော့ ခရိုင် "

" နေပါဦး မင်းမျက်နှာ ဘာလို့နီနေတာလဲ ပြီးတော့
မင်းဆုရထားတဲ့ဘောပင်ကို ဘာလို့လွယ်လွယ်​ပေးလိုက်တာလဲ အရင်ကမပေးဖူးပါဘူး "

ခရိုင်မေးတော့မလုံမလဲနဲ့ အတ္တဟာ
သူ့မျက်နှာကိုလက်ဝါးဖြင့်ဖိကပ်လိုက်သည်။

" အဲ့တာ ငါအေးနေလို့ပါ ငါဆိုင်ကနေပြေးလာ
ရတာဆိုတော့ နီတတ်ပါတယ် ဘောပင်က မင်းအခက်တွေ့နေလို့ကူညိီလိုက်တာ အခြားမတွေးနဲ့
ဘောပင်တစ်ချောင်းပဲကွာ "

ထိုအခါမှ ခရိုင်ဟာ သဘောပေါက်သွားဟန်
ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ အတ္တကိုကျောခိုင်းပြီး
အတန်းဆီသို့ထွက်ခွာသွားခဲ့သည်။

ပန်းခြုံကြားကအရာဟာလည်းအတ္တထွက်သွားသည့်
ကျောပြင်ကိုပျောက်ကွယ်သည်ထိ ခိုးကြည့်နေသည်။

Kill Love (ongoing) U+ZOù les histoires vivent. Découvrez maintenant