KL (22) U+Z

667 52 12
                                    

Kill Love (22)

တောင်ပိုင်းဒေသကနေ ၁၀နာရီဝန်းကျင်
ကားမောင်းလာခဲ့ပြီးသည့်နောက်မှာအတ္တ
သူနေခဲ့သည့်ရွာဦးဘုန်းကြီးကျောင်းသို့
ရောက်လာခဲ့သည်။ ညနေစောင်းလင့်နေ
ပြီးလည်းဖြစ်သည်။

ကျောင်းဝန်းထဲမောင်းဝင်လာသည့်
ကားကြောင့်ကျောင်းရှေ့ကွပ်ဖျင်မှာထိုင်
နေသည့်ဘုန်းဘုန်းထူးဆန်းဟန်လှမ်းကြည့်
နေသည်။ ဟုတ်သပလေ သူ့ကျောင်းပိုင်ကား
လည်းမရှိသလို သူ့ရွာထဲကဒကာတွေလည်းကား
မှမစီးနိင်ကြသကိုး။

" နက်ရှိုင်း တိမ် ဟိုမှာကားနဲ့ဝင်လာတာ
ဘယ်သူလဲကြည့်လှည့်ပါဦး "

" တင်ပါ့ဘုရား "

ကျောင်းဆောင်အနောက်ကနေပြေးထွက်လာ
သည့်နက်ရှိုင်းနဲ့တိမ် ဟာ ကားပေါ်ကနေဆင်း
လာသူကိုမြင်တော့အပြေးလေးကြိုလှည့်ကြ
သည်။

" အစ်ကိုအတ္တပါဘုရား "

" ဟော အတ္တလား မသိပါဘူးကွယ်
ဘယ်ကကားလဲလို့ "

၁၀ရက်လောက်ပျောက်သွားသည့်နောက်
ပြန်ပေါ်လာသည့်အတ္တဟာ ကျောင်းမှာခပ်နွမ်း
နွမ်းနဲ့နေခဲ့ရသည့်ပုံမဟုတ်တော့ဘဲ
အမည်းရောင်လည်သားအင်္ကျီလက်ရှည်ကို
လက်တံတောင်လောက်ခေါက်ထားပြီးဂျင်းပြာ
ရောင်ဘောင်းဘီနဲ့အခန့်သားဖြစ်နေသည်။
ကျိုးတိုးကျဲတဲရှည်နေသည့်ဆံပင်တွေအစား
ဂျယ်တွေနဲ့အသေအချာသပ်သပ်ရပ်ရပ်ဖြီးလိမ်း
ထားသည်မှာ ဂျန်တဲလ်မန်း (Gentleman) ဆန်
နေပြန်သည်။
ထင်းနေသည့်မေးရိုးတစ်လျှောက်နှင့်နှာခေါင်း
ချွန်ချွန်လေးဟာ ချောမောသည့်မျက်နှာပေါ်
အခန့်သားနေရာယူထားပြန်သည်။
ထိုသို့ချောမောနေသူကို ပါးစပ်အဟောင်းသားနဲ့
နက်ရှိုင်းငေးကြည့်နေမိသည်မှာ အသက်ရှူရပ်မတတ်။

" ဟုတ်ကဲ့ ဆရာတော် မထင်မှတ်ဘဲကျွန်တော်ပြန်
သွားတော့ အဖေ့နောက်ဆုံးထွက်သက်နဲ့ တိုက်တိုက်
ဆိုင်ဆိုင်ဖြစ်သွားခဲ့လို့ ၁၀ရက်လောက်ကြာသွားပါတယ် "

ခရစ်ယာန် ဖြစ်သည့်အတ္တဟာ ဘုန်းဘုန်းဘုရားကို
လက်အုပ်ချီတာမျိုးမရှိပေမယ့် ကျေးဇူးရှင်ဆိုသည့်
အသိနဲ့တရိုတသေတလေးတစားတော့ စကားပြောဆက်ဆံသည်။

Kill Love (ongoing) U+ZWhere stories live. Discover now