UnicodeKill Love (1)
" Morning အရာ "
ခွမ်း...... ( ခွက်ပစ်ခွဲသံ)
" အရာ ဘာလို့ခွက်ကိုပစ်ခွဲတာလဲ
မင်းလက်ထိကွဲနေပါဦးမယ် "ခွက်ပစ်ပေါက်လိုက်သည့် အရာ၏
လက်ကို အတ္တဆုပ်ကိုင်လိုက်ရင်း
ထိခိုက်မိမလားစစ်ဆေးနေသည်။"လွှတ်... အတ္တ မင်းအကျင့်တွေပျက်နေပါလား
အာ...ငါ့ကိုမချစ်တော့ဘူးပေါ့ "" အရာ ငါမင်းအပေါ် ဘယ်တုန်းကအချစ်ပေါ့ခဲ့လို့လဲ
မင်းနဲ့ငါ လက်ထပ်ထားတာ ၃နှစ်ရှိပြီး
မင်းအခုထိငါ့ကိုမယုံကြည်သေးဘူးလား "" တိတ်စမ်းအတ္တ
မင်းငါ့ကိုတစ်ခွန်းမှပြန်ခံမပြောနဲ့
မင်းငါ့ကိုထပ်ပြီးလွှမ်းမိုးဖို့ မကြိုးစားနဲ့
ငါအလုပ်သွားတော့မယ်
မင်းအိမ်ထဲကနေ အိမ်ပြင်ခိုးထွက်ဖို့
မကြိုးစားနဲ့အတ္တ ဒီတစ်ခါအခန်းထဲချုပ်ထားရုံ
မဟုတ်ဘူး မင်းခြေထောက်ပါ ငါရိုက်ချိုးပစ်မှာ "*ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ
မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို
ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်*" ကောင်းပြီး အရာလေး
ဂရုစိုက်သွားပါ ငါမင်းကိုချစ်တယ်နော် "အတ္တ၏ချစ်တယ်ဆိုတဲ့စကားကို
တုံ့ပြန်သည့်အနေဖြင့် အရာ
မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်သည်။
တစ်ပြိုင်တည်း နာကျင်ခြင်းကိုလည်း
အရာ ခံစားရသည်။အနီရောင် suit အပြည့်နဲ့ အရာ ဟာ
လက်ဆွဲအိတ်အမည်းဆွဲကာ
အလုပ်သွားဖို့အိမ်ကနေ
ထွက်သွားတော့သည်။
အနီရောင်အရမ်းကြိုက်သည့် အရာဟာ
အနီရောင်ပြိုင်ကားလေးကိုမောင်းရင်း
ကုမ္ပဏီသို့ထွက်သွားတော့သည်။အရာ ပိုင်သည့် အိမ် ၊ ခြံ ၊ကား အဝတ်အစား
စစရှိသမျှအရာအားလုံးဟာ အနီရောင်ဖြင့်သာ
လွှမ်းမိုးထားသည်။အရာပိုင်သည့် ကားကုမ္ပဏီတောင်
Red World ဆိုပြီးနာမည်တွင်ထားလေရဲ့။
အနီရောင်ကားတွေသာ
သီးသန့်ထုတ်သည့် ကုမ္ပဏိီကြီးတစ်ခုပေါ့။
KAMU SEDANG MEMBACA
Kill Love (ongoing) U+Z
Fantasi[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...