KL (7) U+Z

748 60 44
                                    

(A/ N ဘယ်နေ့ up မလဲ up မလဲ မျှော်နေတဲ့
update လေးလာပါပြီးရှင်😁😁
မ up ရင်အိမ်ထိ လာဇွပ်ဇွပ်မယ် ဆိုတဲ့
အမကြီးကိုကြောက်လို့ပါ )

Kill love (7)

ကွဲရှနေတဲ့လက်လေးများဟာ
သွေးတွေခြောက်ကပ်နေ၏။
အထပ်၂၀ရှိ ရုံးခန်းထဲသို့
အရာ ဝင်လိုက်သည့်အချိန်တွင်
မန်နေဂျာဖြစ်သည့် ခရိုင် ရောက်မလာသေးပေ။

အတွင်းရေးမှူးဖြစ်သည့် မြတ်သရဖီမောင်
ဟာလည်း မျက်မှန်ကိုင်းပင့်ကာ
အသက်တောင်မရှူရဲသည့် ရုပ်ဖြင့်
အရာကို ရပ်ကြည့်နေသည်။

" ဘာရပ်ကြည့်နေတာလဲ
သွား ကိုယ့်အလုပ်ကိုယ်သွားလုပ် "

" ဟုတ်...ဟုတ်ကဲ့ Boss,
Boss များတစ်ခုခုခိုင်းမလားလို့ပါ "

" လိုရင်ခေါ်လိုက်မယ် "

" ဟုတ်ကဲ့ "

စိတ်မကြည်နေသည့် Boss ကိုနေ့တိုင်း
မြင်နေရတာ သနားချင်စရာတောင်
ဖြစ်နေသည်။ ကြောက်တာကလည်း
ပါသည်အတွက်ကြောင့် သရဖီ သနားနေဖို့မရဲဘဲ
ကိုယ့်အလုပ်ကိုသာခပ်သွက်သွက်လုပ်ရန်
ပြန်ထွက်လာခဲ့ရသည်။

ကတင်း....
စိတ်ပျင်စွာထိုင်နေရင်းမှာ
conservation တစ်ခု screen ပေါ်တက်လာပြီး
အနီရောင်1 တစ်လုံးဟာလည်း ထို conversation
မှာ ကပ်ပါနေသည်။

conversation ရဲ့ name ဟာ
ကုဒြာချိုဖြစ်သည့်အတွက် ဖွင့်ကြည့်ဖို့
ဝန်လေးလှသည်။ သူမဆီက လာသည့်စာသည်
ကောင်းခြင်းထက်ဆိုးခြင်းတွေပိုများသည်ကြောင့်ပင်။
ကတင်း...
ဒီတစ်ခါမှာတော့ sent a photo တဲ့။

ကတင်း....
sent a voice message တဲ့။

အဝင်ဆက်လာသည်ကြောင့် အရာ
conversation ကိုထိကာ
ကြည့်လိုက်သည်။

' ဒီပုံကိုကြည့်လိုက်ပါဦး '

ထိုစာတစ်ကြောင်းအောက်မှာ
connecting ပြနေသည့် ဓာတ်ပုံတစ်ပုံ၊
လိုင်း၏ဆိုးကျိုးကြောင့်ပုံဟာ ချက်ချင်းမပေါ်ပေ။

ထို့နောက် voice message ကိုအရာလက်နဲ့
ဖိပြီးနားထောင်လိုက်သည်။

' အတ္တနဲ့မတူဘူးလား အဲ့ဒါ
မြူမှုန်ငယ်ရဲ့ ကလေးလေ
နင်အိမ်ပြန်ရောက်ရင် နင့်ရဲ့အမျိုးသားကို
ပြလိုက်ပါဥိီးနော် '

Kill Love (ongoing) U+ZNơi câu chuyện tồn tại. Hãy khám phá bây giờ