KL (8) U+Z

746 58 55
                                    

Kill Love (8)

တီး...တီး...တီး...
ကားဟွန်းတီးသံများ ဆူညံလျက်
ယာဥ်ကြောများလည်း ပိတ်ဆို့ကာ
မြို့အထွက်ဂိတ်နားမှာ
ကားတန်းရှည်ကြီး ရပ်နေကြသည်။

အကြောင်းမှာ တိုးဂိတ် နားတွင်
ကား accident တစ်စီးကြောင့်
ယာဥ်ကြောပိတ်ဆို့နေခြင်းဖြစ်သည်။

" ဦးလေးကြီး ဟိုဘက် မြေနီလမ်းကနေ
ကွေ့ပတ်သွားလို့မရဘူးလားရှင့်
ကျွန်မအရေးကြီးနေလို့ပါ "

မေအက္ခရာ ဟာ သူမငှားလာသည့်
တက္ကစီမောင်းသူဦးလေးကြီးကို
ဖြတ်လမ်းကသွားရန် ပူဆာနေသည်။

" ဖြတ်လမ်းကဆို စျေးပိုပေးရမယ်
သမီး ဦးလေးလည်း ပိုမတောင်းချင်ပေမယ့်
လမ်းကကြမ်းတယ်သမီးရဲ့ "

". ရပါတယ် ဦးလေး ခပ်မြန်မြန်သာ
မောင်းပေးရင်ရပါပြီး "

ကားတန်းရှည်ထဲက တက္ကစီအဖြူလေး
တစ်စီးဟာ ဖုန်တွေထူသည့်မြေနီလမ်းဘက်
ဆင်းကာ ခရီးဆက်လာခဲ့ကြသည်။

" ကားဆရာရေ ဟိုမှာ ဟိုကားတစ်စီး
သွားတဲ့လမ်းကနေ ကျွန်မကိုပို့ပေးပါလား
ကျွန်မအရမ်းကြာနေရင် မမလေး
စိတ်တိုနေတော့မယ် ဒီနေ့ကျမှ
မမလေး လာစောင့်ရတယ်လို့ကွယ် "

ကုဒြာချို၏ အိမ်အကူအန်တီမြဟာလည်း
ကားတန်းပိတ်ဆို့မှုကြောင့် ကြန့်ကြာနေခဲ့ရာမှ
မေအက္ခရာတို့ကားသွားရာလမ်းကို
မြင်၍ သူလည်းလိုက်ပို့ပေးရန်
ကားမောင်းသူကို တောင်းဆိုလာပါတော့သည်။

" စျေးပိုပေးရင်သွားမယ် "

" ဘယ်လောက်တောင်ပိုပေးရမှာလဲ "

" ၂၀၀၀ "

" ဘုရားရေ ၂၀၀၀ တောင်ပေးရမယ် "

" လမ်းကြမ်းတယ်အန်တီရဲ့ ၂၀၀၀သာတောင်းတာ
တကယ်ကားပြတ်သွားရင် ၂၀၀၀မကဘူးကုန်မှာ "

" အေးအေး ၂၀၀၀ဆိုလည်း ၂၀၀၀
မင်းပြောတဲ့စျေးပေါ့ မောင်းသာမောင်းတော့အေ "

ကားနှစ်စီး၏အကွာအဝေးဟာ
သိပ်မဝေးလှပေ ။
ဖြောင့်သည့်လမ်းကြောင့် တစ်စီးနဲ့တစ်စီး
မြင်နေကြသည်။

ချိုင့်ဝှမ်းတွေတစ်ပုံနဲ့လမ်းကြမ်းကို
ဖြတ်ကျော်လို့အပြီးမှာ မြို့ပြင်တိုက်ခန်းအိမ်ယာ
ဆိုသည့် တိုက်ခန်းများရှိသည့် နေရာတစ်ခုကို
ရောက်လာခဲ့သည်။

Kill Love (ongoing) U+ZOù les histoires vivent. Découvrez maintenant