KL 3 (U+Z)

1K 79 40
                                    

Kill Love (3)

အရာ နဲ့ သရဖီ နှစ်ယောက်သား
ဂျပန်ကဧည့်သည်နဲ့ တွေ့ပြီးသည့်နောက်
ဟိုတယ်ကနေထွက်လာခဲ့ပါတယ် ။
အရာလက်ပတ်နာရီကိုငုတ်ကြည့်မိတော့
ည ၇ နာရီထိုးလင့်နေပါပြီး။

ဆောင်းတွင်းမို့ လေအေးတွေလည်း
တိုက်ခတ်နေသလို နှင်းပွင့်ဖတ်လေးတွေလည်း
အနည်းငယ် ကျဆင်းနေပြန်ပါတယ်။
ဒီနေ့ညတော့ သူအိမ်ပြန်မစောချင်ပါ။
သူရှောင်နေခဲ့တဲ့ anniversary ၃နှစ်ပြည့်ပါပြီး။

အစက 5th anniversary နေ့မှာလက်ထပ်မယ်လို့
တွေးထားကြပေမယ့် သူတို့နှစ်ဦးကြားက
မုန်တိုင်းကြောင့် တစ်လစောပြီး
လက်ထပ်လိုက်ရပါတယ်။
လက်ထပ်တဲ့နှစ်ကစပြီး အရာဟာ
anniversary ဆိုခရီးထွက်လိုက်တတ်ပါတယ်။
ဒီနှစ်မှာတော့ဖောက်သည်နဲ့ ချိန်းပြီးသားမို့
ကျန်ခဲ့ရပါတယ်။

အရင်ကAnniversary တိုင်းပျော်နေခဲ့တဲ့ အရာဟာ
anniversary ရောက်တိုင်း သော့ပိတ်ထားတဲ့
coffee shop သေးသေးလေးရှေ့မှာ
ဘီယာဘူးတွေမော့သောက်နေခဲ့တာလည်း
၃နှစ်ပြည့်ပါပြီး။

သရဖီကို အိမ်ပြန်ပို့ပြီး
ည ၈နာရီကျော်ခဲ့ပါပြီ ။
သော့ပိတ်ထားတဲ့ coffee shop ရှေ့
ဓာတ်မိီးတိုင်အောက်တွင်
နှင်းပွင့်ဖတ်တွေ တရွေ့ရွေ့ကျနေတဲ့
ဒီဇင်ဘာ ညမှာ ဘီယာဘူးတွေ
တစ်ဘူးပြီးတစ်ဘူး သောက်ကာ
ကြယ်တွေစုံတဲ့ ကောင်းကင်ကို
မော့ကြည့်ရင်း ကြေကွဲနေဟန်
တူပါတယ်။

* အတ္တ မင်းရက်စက်တယ်
မင်းဆီကဖြေရှင်းချက်ကိုနားထောင်ဖို့
ငါအချိန်ယူခဲ့တာ ၃နှစ်ရှိပြီး ခုထိ
ငါနားထောင်ဖို့သတ္တိမရှိသေးဘူး
အဲ့ဒီညက မင်းနဲ့ မြူမှုန်ငယ်
ဘာကြောင့်ရေချိုးခန်းထဲအတူတူရှိနေရတာလဲ
မြုမှုန်ငယ်ဆီက၃နှစ်သားကလေးက
ဘယ်သူ့ကလေးလည်း
ကုဒြာချိုပြောသလိုပဲ
တကယ်ပဲ မင်းကလေးလား
အဲ့ဒါကြောင့် မနှစ်က မင်းအိမ်ကနေခိုးထွက်တာ
သူ့ဆီသွားဖို့လား
ငါကဘာလဲ မင်းပြောတော့ချစ်တယ်ဆို
မင်းဆီကဖြေရှင်းချက်မကြားခင်
မြူမှုန်ငယ်ဆီက ငါအရင်ကြားချင်လို့
သူမကိုငါရှာနေခဲ့တာ
သူမကိုမင်းဖွက်လိုက်တယ် အတ္တ
ဒါတွေကမင်းအပေါ် ငါ့ယုံကြည်မှုကို
ရိုက်ချိုးလိုက်တာ မင်းမသိလေရောလား
မင်းသိလားအတ္တ မင်းသိလား*

Kill Love (ongoing) U+ZWhere stories live. Discover now