Kill Love (23)
" အရာကငါ့ကို ဘယ်လောက်တောင်မုန်း
နေလို့လဲ ငါ့ကိုတွေ့တာနဲ့ မမြင်ချင်လောက်
အောင်ပြေးထွက်သွားရောလားကွာ "ဆိုင်ရှေ့ရပ်နေသည့်အတ္တတံခွန်ဟာ စေညွှန်ရာ
ထားသွားသည့်အတိုင်းရပ်နေမိသည်။ အနီရောင်
ပြိုင်ကားနောက်တော့ အတ္တမလိုက်သွားနိုင်ခဲ့ပေ။
အရာထက်အရေးကြီးတာမရှိပေမဲ့ အရာနဲ့သူကြား
ရှင်းစရာကိစ္စကျန်နေသေးသည်မဟုတ်လား။
ထိုအတွက်ကြောင့် စေညွှန်ရာအနောက်ချက်ချင်း
တော့ အတ္တမလိုက်သွားနိုင်ပေ။" မုန်းပါအရာ မင်းအမုန်းကို လည်စင်းခံဖို့လည်း
အသင့်ပါ ခဏလေးပဲစောင့်ပါ မင်းအနားကို
ငါအရောက်လှမ်းလာခဲ့မယ် "ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ကာ အတ္တ
ဆိုင်ထဲဝင်ဖို့အလုပ်မှာ မိတ်ဆွေဟောင်း၏ခေါ်သံ
ကိုကြားလိုက်ရသည်။" အတ္တတံခွန် "
ထိုရင်းနှီးနေသည့်ခေါ်သံကြောင့် ဆိုင်ထဲသို့
လှည့်ဝင်ဟန်ပြင်နေသည့်အတ္တဝမ်းသာအားရ
အသံလာရာလှည့်ကြည့်လာသည်။" ဟာခရိုင် သားကြီးမတွေ့တာကြာပြီးကွာ
ဟင် သူကမင်းနဲ့.... "ခရိုင်ကိုဝမ်းသာအားရလှည့်ကြည့်လိုက်ချိန်
ခရိုင့်လက်ကိုချိတ်ထားသည့်သရဖီကို တစ်ပြိုင်တည်းတွေ့လိုက်ရ၍ အတ္တအံ့သြသွား
ခဲ့သည်။" အင်း မင်းမြင်တဲ့အတိုင်း သူကငါရဲ့ချစ်သူ
မြတ်သရဖီမောင်တဲ့"" ဒါဆို သူက...သူက အရာနဲ့ဘာမှမပတ်သက်
ဘူးပေါ့ "" သြော်...မင်းကအရာကိုသူနဲ့အထင်လွဲနေတာ
လား အဲ့ဒါများငါ့ကိုဖုန်းဆက်မမေးဘူး "" ငါ့ဖုန်း ပျောက်သွားလို့ပါကွာ လာပါ
ဆိုင်ထဲဝင်ကြရအောင်လေ "".မင်းမပြောနဲ့နော် ဒါ မင်းဆိုင်လို့ "
" ငါ့ဆိုင်မဟုတ်ဘူး မြေ့ဆိုတဲ့ ငါရဲ့ကိုယ်ပွားဆိုင် "
" ဘယ်လို "
" ဒီလိုကွာ တစ်နေ့ငါနဲ့အရာစကားများပြီး
အိမ်ကထွက်သွားတော့ ကုဒြာချိုလူတွေငါ့ကို
ကားနဲ့တိုက်သတ်ပြီး ကျေးရွာတစ်ရွာမှာ
သွားပစ်ထားတယ်ကွာ အဲ့မှာငါကမသေပဲ
အတိတ်မေ့ချိန် ငါ့ကိုကယ်ခဲ့တဲ့ဆရာတော်
တစ်ပါးက မြေ့ဆိုပြီးနာမည်ပေးခဲ့တယ်
တမြေ့မြေ့လေးဆွေးနေလို့တဲ့ ဟားဟား "
YOU ARE READING
Kill Love (ongoing) U+Z
Fantasy[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...