Unicode~
"Salut! Docteur"
'Hi ဒေါက်တာ'ဒီနေ့လည်း ဒေါက်တာနဲ့ စရမယ့် နေ့တစ်နေ့ပါပဲ။ မတူတာကတော့ ဒီနေ့ကဗုဒ္ဓဟူးနေ့လေ။ ဒေါက်တာက ကျွန်တော်နဲ့ အတူ ဆေးရုံမှာအလုပ်လုပ်ကြမည်မဟုတ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီနေ့ကို ညဂျူတီသာ ယူထားသည်မို့ နေ့လည်စာစားချိန်ရောက်မှ ထုံးစံအတိုင်း ဒေါက်တာ့ကို ကျောင်းအထိသွားတွေ့ရမည်။
ဒီတစ်လအတွင်းမှာ ကျွန်တော့်ရဲ့ ဗုဒ္ဓဟူးနေ့တွေက ခြောက်ကပ်နေတတ်သည်။
ဒေါက်တာ့မျက်နှာမြင်ရတဲ့ နေ့လည်စာစားချိန်က လွဲရင်ပေါ့။"Salut"
'Hi'အရင်ကထက် ကျွန်တော်နဲ့ရင်းနှီးလာသော ဒေါက်တာ့အပြုံးတွေကို မကြာခဏမြင်တွေ့လာရသည်။
ဒေါက်တာ့ရဲ့ Boxy Smileက သိပ်လှတာ။
ဘာလို့များ စောစောတည်းက မပြုံးပြရတာလဲ မောင့်သက်လှယ်ရယ်။"ဪ.. JungKook ငါကား၀ယ်တော့မလို့သိလား။ အခု လမ်းတွေလည်း မှတ်မိနေပြီလေ"
TaeHyungကတော့ ပေါ့ပေါ့ပါးပါးနဲ့ ထိုစကားကို ဆိုလိုက်ခြင်း ဖြစ်သော်ငြား မျက်နှာညှိုးကျသွားရသူက JungKook.
ဒေါက်တာလေးကို အကြိုအပို့လုပ်နိုင်ဖို့ သူ့ခမျာ အရဲစွန့်ပြောထားရတာလေ။
အခုဆို အကြိုအပို့ ဒရိုက်ဘာရာထူးလေးပါ ပြုတ်ပြီပေါ့။ နောက်၂လခွဲပြီးလို့ တခြားwardမှာသာ အလုပ်သင်ဆင်းရရင် ဒေါက်တာ့ကို တွေ့ရဖို့တောင် ခဲယဥ်သွားပြီပဲ။"နေမကောင်းဘူးလား JungKook"
ခါတိုင်းနေ့တွေလို စကားတတွတ်တွတ်ပြောနေခြင်းမရှိသော JungKookကြောင့် ကျွန်တော်စိတ်ပူလာရသည်။ ဒီကောင်လေးလို ဖော်ဖော်ရွေရွေရှိတတ်သူက ခုလို စကားမပြောနေတာကြီးက သိပ်ထူးဆန်းနေသည်။
"အင်း.. အပူချိန်ကတော့ ပုံမှန်ပါပဲ"
နဖူးပေါ်ကို လက်ဖမိုးတင်၍ ကိုယ်အပူချိန်လာစမ်းနေသူကြောင့် JungKookရဲ့ ဘဒ္ဒကမ္ဘာက စက္ကန့်လက်တံတွေ ခေတ္တမျှရပ်ဆိုင်းသွားသည်။ ဒေါက်တာ့အပြုအမူကြောင့် ရင်ခုန်သွားရသော်လည်း ကား၀ယ်မယ့် ကိစ္စကို မကျေနပ်တာကြောင့် ဘာမှမပြောဖြစ်။
ဒီလောက်ထိ လိုလေသေးမရှိ အကြိုအပို့လုပ်ပေးနေသူရဲ့ စိတ်ကိုတော့ဖြင့်မကြည့်ဘဲ ရွှင်ရွှင်လန်းလန်းကား၀ယ်ချင်နေသူကြီးကို နည်းနည်းတော့ မူပြရမည်။
YOU ARE READING
𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛
عاطفيةBut on a Wednesday in a café... JJK x KTH Kookv Playlists Catalouge 2