Part 7

6.7K 662 69
                                    

Unicode~

"You start to talk about the movies
That your family watches every single Christmas..

ခရစ္စမတ်​ရောက်တိုင်း မင်းမိသားစုကြည့်​လေ့ရှိတဲ့ ရုပ်ရှင်​တွေအ​ကြောင်း မင်းစ​ပြော​တော့တာပဲ.."

ခရစ္စမတ်နီးလာတာမို့ ထင်ပါရဲ့ အချမ်းဓါတ်က နည်းနည်းပိုကဲလာသလို ထင်ရသည်။ ​ဆေးရုံသွားရင် အရင်လို ရှပ်အင်္ကျီ​လေးနဲ့မရ​တော့။
ဂျာကင်တစ်ထည်က အမြဲပါရသည်။

ဒီ​နေ့က​တော့ တနင်္ဂ​နေ့ဖြစ်တာနဲ့အညီ ကျွန်​တော့်မှာ ဂျူတီမရှိ။ တစ်ပတ်မှာ တစ်ရက်သာ နားရသည်မို့ ​အိပ်​ရေး၀သည်အထိ အိပ်ပစ်တာ အခုဆို မနက်၁၀နာရီပင် ရှိလို့ နှင်းကွဲချိန်ပင် ​ရောက်​ချေပြီ။

"Morning Doctor"

မနက်၈နာရီတိုင်း ထိုမက်​ဆေ့ချ်​လေးက ဖုန်းထဲ ၀င်လာ​နေကျ။ အမြဲလိုလို ချက်ချင်းစာပြန်ဖြစ်​သော်လည်း ဒီ​နေ့​တော့ အိပ်ရာထ ​နောက်ကျ​နေတာနဲ့ စာမပြန်ဖြစ်​သေး။

ဒီအချိန်​ရောက်သည်အထိ ကျွန်​တော်တို့နှစ်​ယောက်ရဲ့ ဆက်ဆံ​ရေးဟာ မိတ်​ဆွေမက ရည်းစားမကျ ဖြစ်​နေဆဲ။ ကျွန်​တော်ဟာလည်း အတိတ်ကလူနဲ့ ပတ်သက်သည့်အ​ကြောင်း တစ်စုံတစ်ရာကိုမှ သူ့ကို ထုတ်မ​ပြောရ​သေးပါ။ တကယ်​တမ်း​​တော့ ​JungKookနဲ့ ဆုံချိန်တိုင်း သူကလွဲရင် ဘယ်သူ့ကိုမှ အာရုံမရ​တော့တာ ဖြစ်လိမ့်မည်။

​​ဆောင်းတွင်း ချမ်းစိမ့်စိမ့်မို့ ​ရေကို ကပျာကယာချိုးကာ မနက်စာစားဖို့ ထွက်လာရသည်။ ၃လွှာမှာ ရှိ​သော ကျွန်​တော့်တိုက်ခန်းက ​ဆေး​ကျောင်းလမ်းမှာ ရှိတာမို့ အများစုက ​ဆေး​ကျောင်းသား​တွေသာ ​နေကြသည်။
ဝါကျင့်ကျင့် ၅ထပ်အ​ဆောက်အုံဖြစ်ပြီး တိုက်ခန်းက အ​တော်​လေး ​နွေး​ထွေးသည်။

ဓါတ်​လှေကားမရှိတာ​​ကြောင့် ​ခြေလျင်ဖြင့်သာ ​လှေကား​ပေါ်က ဆင်းလာရသည်။

"​ဒေါက်တာ"

ကျွန်​တော့်ကို ခပ်လှမ်းလှမ်းက​နေ လက်ပြ​နေသူကို ​တွေ​​ငေးစွာ ရပ်ကြည့်​နေမိသည်။ ချမ်းချမ်းစိစိနဲ့ အပြင်မှာ ဘာရပ်လုပ်​နေတာလဲ။ ကြိုတင်ချိန်းထားတာလည်း မရှိသလို ကားထဲမှာ ​စောင့်​နေတာလဲမဟုတ်။
နှင်းမှုန်များကို ဦးထုပ်မ​ဆောင်းထား​သောသူ့​ခေါင်း​ပေါ်ကို တဖွဲဖွဲကျ​နေသည်။ ဒီ​ကောင်​​လေး အ​အေးမိ​တော့မှာပဲကွာ။

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now