Part 11

6.5K 605 57
                                    

Unicode~

​နေ​ရောင်ခြည် ခပ်စူးစူးက ပြတင်း​ပေါက်မှန်ကို ဖြတ်​ကျော်၍ အခန်းထဲသို့ ကျူး​ကျော်၀င်​ရောက်​နေသည်။
အ​ရှေ့ဘက်ကလာ​သော ထို​ရောင်ခြည်​ကြောင့် အိပ်ရာထက်က ထိုအမျိုးသား​လေးရဲ့ မျက်လုံးများ ရှုံ့သွားရသည်။
သို့​သော်အိပ်မက်ကမ္ဘာထဲက ရုန်းထွက်ရန်ကား မစွမ်းနိုင်​သေးရှာ။
ထိုအမျိုးသားရဲ့ နဖူး​ပေါ်သို့ ​ကြွေကျသွား​သော အနမ်းတစ်ပွင့်။

သက်လှယ် ကျွန်​တော့်အိမ်​ပြောင်းပြီး​နောက်ပိုင်းမှာ ကျွန်​တော်တို့နှစ်​ယောက် အရင်ကထက်ပိုနီးစပ်လာတယ်ဆိုတာ ​​ဖော်ပြစရာလိုမည်မထင်။ အရင်ကဆို အလုပ်ဆင်းချိန်​နဲ့ စား​သောက်ချိန်​လောက်ပဲ​တွေ့ရာက ယခုဆိုရင် ညဘက်​တီတီတာတာ​ပြောဖို့ ချစ်ရသူက အနားရှိ​​နေ​တော့ ဘ၀ကြီးက သိပ်သာယာ​နေတာ။
စိတ်ဆတ်​သော သက်လှယ်က ရစ်တတ် စိတ်​ကောက်တတ်တယ်ဆို​ပေမယ့် ကျွန်​တော်က အမြဲ​ချော့​တော့ ကျွန်​တော်တို့တွဲလာတာ ၁နှစ်နီးနီးလာသည့်တိုင် အချစ်​ရေးမှာ က​တောက်ကဆရယ်လို့မရှိ။

"သက်လှယ်​လေး​​ရေ... ထ ထ။ ​မောင် မနက်စာပြင်ထားပြီ။ အလုပ်သွားရမှာ ထ​တော့"

၁၀မိနစ်ခန့် အချိန်ယူနှိုးကာမှ တအင့်အင့်တအဲအဲဖြင့် မျက်လုံး​လေးပွင့်လာသည်။
သက်လှယ် တစ်​ယောက်တည်း​နေတုန်းကဆို ​စော​စောထပါရဲ့။ အခုကျွန်​တော်​နေပြီး​နောက်မှာ​တော့ ကျွန်​​တော်က မနက်စာ​ရော သက်လှယ်ရဲ့ အ၀တ်အစား ဂျူတီကုတ်ကအစ အသင့်ပြင်​ပေးပြီးမှ သက်လှယ်က ထ​တော့သည်။

"​မောင်... ဘယ်ချိန်ရှိပြီလဲ"

"၇နာရီခွဲ​နေပြီ သက်လှယ်။ ​ရေချိုးရမှာနဲ့ မနက်စာစားရမှာနဲ့ ထ​တော့​နော်"

ဆရာ၀န်ဘ၀ဆိုတာကလည်း ခက်​တော့ခက်သား။ ပုံမှန်ဂျူတီရက်​တွေဆို ကိစ္စမရှိ​ပေမယ့် တချို့အ​ရေး​ပေါ်ကိစ္စ​တွေအတွက် လူမနိုင်ရင် ချက်ချင်းထသွားရ​သေးတာ။
အဲ့လို​နေ့​တွေဆို ကျွန်​တော်​ရော သက်လှယ်​ရောမှာ တစ်ညလုံး မအိပ်ရ​တော့။
ညဂျူတီကျတဲ့ တနင်္ဂ​နွေည​တွေကမှ ခံသာဦးမည်။

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now