Part 2

7.7K 753 108
                                    

Unicode~

မနက်ခင်းအတွက် ​ကော်ဖီခါးသက်သက်တစ်ခွက်က အစာ​ရေမျိုပြွန်​တ​လျှောက်စီး၀င်သွားသည်။
ပြင်သစ်​ပေါင်မုန့်ရှည် တစ်ပိုင်းက ဒီနိုင်ငံအတွက် မရှိမဖြစ်အစားအစာ။

ဒီလို အလုပ်​တွေ​ကျောင်း​တွေသွားရမယ့် မနက်ခင်းဆို ​ပေါင်မုန့်ကို ရက်ပ်စ်ဘယ်ရီယိုနဲ့ တို့စားကာ ​ကော်ဖီ​သောက်ခြင်းဖြင့် မနက်စာစားချိန်ကို ကုန်ဆုံးရသည်။

ဆာ​လောင်​နေ​သော အစာအိမ်ကို ဖြည့်စွက်ပြီး​နောက်မှာ​​တော့ အသင့်ထုတ်ထား​သော ဂျူတီကုတ်အဖြူ​ရောင်နဲ့ ဆွဲအိတ်​လေးကို ယူကာ ပါရီ​ဆေးရုံကြီးသို့။

ကျွန်​တော်​နေ​သော တိုက်ခန်း​နားက လူရှုပ်သည်။ ပါရီရဲ့ အထင်ကရ​နေရာဖြစ်​သော Eiffel ​မျှော်စင်နဲ့ Seineမြစ်နားမှာဆို​တော့ ဒီလို အလုပ်သွားချိန်​တွေဆို မီးပွိုင့်မှာ အမြဲလိုလို ယာဥ်​ကြောပိတ်ဆို့​နေတတ်သည်။
ကား​မောင်းရချိန်ထက် မီးပွိုင့်မိချိန်ကို အချိန်ပို​ပေးပြီး​နောက်မှာ​တော့ ကျွန်​တော် ပါရီ​ဆေးရုံကြီးသို့ ​ရောက်လာသည်။

"Ça va?"
'​နေ​ကောင်းလား?'

အတန်း​ဖော်သူငယ်ချင်းတစ်​ယောက်က မိတ်ဆက်လာသည်။

"Très bien!"
'အရမ်းကောင်းတာ​ပေါ့'

​ဆေးရုံ​ရောက်တာနဲ့ ကျွန်​တော်တို့နှစ်က လူ​တွေကို နာမည်အလိုက် အုပ်စုခွဲများ ခွဲသည်။ ထို့​နောက် အုပ်စုအလိုက် အလှည့်ကျ တာ၀န်ထမ်း​ဆောင်ရမည့် ဌာနများကို သတ်မှတ်​ပေးသည်။
အလုပ်သင်ဆရာ၀န်အ​နေနဲ့ နှစ်နှစ်ခန့်လုပ်ရမည်မို့ ဌာနတစ်ခုတွင် ၃လခွဲမှ ၄လခန့်အထိ တာ၀န်ရလိမ့်မည်။

ကျွန်​တော်တို့ အုပ်စုခွဲ B ရဲ့  ပထမဆုံး တာ၀န်ကျရာ ဌာနက နှလုံးအထူကုဌာန။
ကျွန်​တော့်ရဲ့ ​ဒေါက်တာ​လေးကို​တောင် သတိရမိသား။
စာတမ်းပြုစုဖို့ပဲဖြစ်ဖြစ် ပါရီ​ဆေးရုံကြီးရဲ့ နှလုံးအထူးကုဌာနကို ​ဒေါက်တာ​လေးသာ ​ရောက်လာလျှင် ကျွန်​တော်က​တော့ ​​သေ​ပျော်ရချည့်။

"​ဒီကအလုပ်သင်​ဒေါက်တာတို့နဲ့ တွဲလုပ်ရမယ့် ​နှလုံးဌာနက လက်​ထောက်ဆရာ၀န်​တွေရုံခန်းကို ကပ်ထားတယ်​နော်။ သူတို့ရုံးခန်းမှာ အလုပ်ဆင်းရလိမ့်မယ်"

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now