Part 5

7K 689 80
                                    

Unicode~

စက္ကန့်မှ မိနစ် မိနစ်မှနာရီ လအလီလီ​​ပြောင်းပြီး​နောက် ၂လခွဲဆိုတဲ့ အချိန်က ခဏ​လေးလို။
​အောက်တိုဘာလရဲ့ ​ဆောင်းဦးရာသီက ​ရွှေ​ရောင်လွှမ်းလျက်ရှိသည်။

ဒီနှစ်လအတွင်း ကျွန်​​တော်နဲ့ JungKookရဲ့ ဆက်ဆံ​ရေးဟာလည်း တိုးတက်လာတာမရှိသလို ဆုတ်ယုတ်သွားတာမျိုးလည်းမရှိ။ ပုံမှန်အတိုင်း JungKookက ​ဆေးရုံမှာ ကျွန်​တော့်အ​နောက် တ​ကောက်​​ကောက်လိုက်ပြီး ဗုဒ္ဓဟူး​နေ့ ​ကျောင်းချိန်​တွေဆို ​ကျောင်းထိ လာလာ​တွေ့တတ်သည်။

ဒီအ​​ခြေအ​နေ​လေးကိုပဲ ကျွန်​တော်ကလည်း သ​ဘောကျ​နေတတ်သည်။ လူသားတစ်​ယောက်နဲ့ တစ်​ယောက် ခံစားချက်​တွေ၀န်ခံပြီး နှစ်​ယောက်ဘ၀ချည်​နှောင်ထားတာမျိုး ထပ်မလိုချင်​​သေး။ အခုလို သူ့ခံစားချက်ကို ကျွန်​​တော်​တစ်​ယောက်တည်း တစ်ဖက်သတ် အတည်ပြုထားရတာကို သ​​ဘောကျသည်။

ဒီ​နေ့က ​ပျော်စရာ​နေ့ဆိုလည်း ဟုတ်သလို အနည်းငယ်စိတ်​လေးလံရ​သော ​နေ့ဆိုလည်း မမှား။

နှစ်ဦးသား James Taylor Show သွားဖို့ ချိန်းထားကြ​ပေမယ့် မနက်ဖြန်ဆို JungKookက တခြား ward​ပြောင်းရ​တော့မှာမို့ နှုတ်ဆက်ပွဲလုပ်ကြသလိုဖြစ်​နေသည်။
ပွဲမှာ ​ပျော်ဖို့ကို​တောင် ​အောင့်သက်သက်ဖြစ်​နေရသည်။

'Ting Tong!'

အိမ်​ရှေ့ဘဲလ်တီးသံရဲ့ တရားခံက ဘယ်သူလဲ ​တွေးကြည့်စရာမလို။ ကျွန်​တော့်တိုက်ခန်း​ရှေ့ထိ လာပြီး ​ဘဲလ်တီးတတ်တာ သူပဲရှိသလို ကျွန်​​တော့်အိမ်လိပ်စာကို သိသူကလည်း သူတစ်​ယောက်တည်းသာ။

"​ဪ.. ၀င်လာ​လေ JungKook. ငါဒါ​လေး တပ်လိုက်ဦးမယ်"

နက်ခ်တိုင်​လေးကို ​​မြှောက်ပြပြီး ​ပြော​နေသူ​လေးက တကယ်ချစ်စရာ။ မဖီးသင်းရ​သေး​သော အညို​ရောင် ဆံစတို့က ပွ​ယောင်း​ယောင်းနဲ့မို့ Teddy bear​လေးနဲ့ပင်တူ​နေသည်။

"ကျစ်! ဘယ်လိုဖြစ်​နေတာလဲ"

နက်ခ်တိုင်ကို တပ်လိုက်ဖြုတ်လိုက် လုပ်​နေသည့်အပြင် နှုတ်ခမ်း​လေးကပါ ဆူထွက်ပြီး ပွစိပွစိ​ပြော​နေ​သေးသည်။ နက်ခ်တိုင်တပ်ရတာကို အလိုမကျဖြစ်​နေပုံ။

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now