Unicode~
"Cheers!"
ဝိုင်ခွက်ချင်း တိုက်ရှသံတွေနောက်မှာ မောင့်အတွက် ဂုဏ်ယူခြင်းတွေကပ်ပါလျက်။
ဂုဏ်ပြုပွဲကို မိသားစုလေးနဲ့ပဲ ကျင်းပတာမို့ မောင်တို့မိသားစုရဲ့ စပျစ်ခြံမှာသာ ကျင်းပဖြစ်သည်။
ခြံအနောက်ပိုင်းမှာ ခုံရှည်တွေချပြီး ကိုးရီးယား BBQမျိုးစုံနဲ့ ခြံထွက်ဝိုင်သာ ဧည့်ခံသည်။
ညခင်းမို့ လေအေးက တဖြူးဖြူးရယ်။ သစ်ရွက်လှုပ်ခတ်သံ တရှပ်ရှပ်ကို ကြားရသော်လည်း ဝိုင်ခွက်ချင်း တိုက်သံတွေကသာ ကြီးစိုးနေသည်။စပျစ်ဝိုင်အရှိန်ကြောင့် အယ်လ်ကိုဟောဒဏ်မခံနိုင်တဲ့ သက်လှယ်ဟာ နှာဖျားလေးတွေပင်နီရဲနေသည်။
ပါးမို့မို့လေးမှာလည်း ရာသီဥတုအေးစိမ့်စိမ့်နဲ့ ဝိုင်အရှိန်ကြောင့် စတော်ဘယ်ရီလုံးလေးလိုပင်။"သက်လှယ် မသောက်နိုင်ရင် မောင်ဖျော်ရည်ယူပေးမယ်လေ"
"ရပါတယ်။ မင်းက ငါ့ကို ဝိုင်တောင်မသောက်နိုင်ဘူးဆိုပြီး အထင်သေးတာပေါ့လေ ဟုတ်စ အေ့!"
'ရပါတယ်' ဟုသာ တတွတ်တွတ်ပြောနေသော်လည်း လေချဥ်များပင်တက်ကာ မျက်၀န်းညိုညိုများက ခပ်ရီဝေဝေရယ်။
နှုတ်ခမ်းသားများက ပန်းရောင်မှ အနီရောင်သို့ ကူးပြောင်းနေတာမို့ ဆွဲဆောင်မှုရှိတာထက်ပိုပါသည်။
အနီရောင် ရှပ်အင်္ကျီလေးကို အပေါ်ကြယ်သီးဖြုတ်ထားသောကြောင့် တစ်ချက်တစ်ချက်ပေါ်လာသော ညှပ်ရိုးလေးတွေက လူကိုရေဆာသလိုပင်ဖြစ်စေသည်။"ပြန်ကြစို့လေ သက်လှယ်"
စကားတောင် ပြန်မပြောဘဲ ခေါင်းတဆတ်ဆတ်ညိတ်ကာ ကျွန်တော့်ရင်ခွင်ထဲတိုးလာတာကြောင့် သက်လှယ် ရေချိန်ကိုက်နေပြီဆိုတာ သိလိုက်ရသည်။
ဆရာ၀န်ညစာစားပွဲတွေဆို သက်လှယ်က ဝိုင်သောက်လေ့ရှိသော်လည်း ခုလိုမူးအောင်ထိမသောက်သည့်အပြင် ကျွန်တော်ကလည်း တိုက်ခန်းထိပို့ပြီး ပြန်သွားရတာချည်းသာ။"မောင်..ရေ"
"ဗျာ..မောင်ရှိတယ်"
"ပြန်စို့!"
![](https://img.wattpad.com/cover/292269114-288-k460084.jpg)
YOU ARE READING
𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛
RomansaBut on a Wednesday in a café... JJK x KTH Kookv Playlists Catalouge 2