Part 3

7.2K 699 95
                                    

Unicode~

​နေ့လည်စာစားပြီး ​ဆေးရုံ​ရောက်တာနဲ့ တဝီဝီမြည်​နေ​သော အ​ရေး​ပေါ်ကားသံ။

အ​ရေး​​ပေါ်ကားအများစုက အ​ထွေ​ထွေကုသ​ရေးဌာနတို့ ခွဲစိတ်ဌာနတို့ကို သွားရတဲ့လူနာ​တွေဖြစ်​ပေမယ့် ဆရာ၀န်တစ်​ယောက်အ​နေနဲ့ မ​နေသာတာ​ကြောင့် ကား​ပေါ်က ခပ်သွက်သွက်ဆင်းပြီး သွားကြည့်လိုက်သည်။

"Chest pain(ရင်အုပ်နာကျင်ခြင်း) ဖြစ်​နေတယ် ​ဒေါက်တာ"

"နာတာဘယ်​လောက်ကြာ​နေပြီလဲ"

"မကြာ​သေးဘူး​ပြောတယ် ​ဒေါက်တာ"

ဒီလူနာက နှလုံးဌာနကို ​ရောက်မှာ ​သေချာသ​လောက်ရှိ​နေပြီမို့ အ​ရေး​ပေါ်ဌာနကို ကျွန်​တော်ကိုယ်တိုင်သာ လိုက်သွားလိုက်​တော့သည်။

"Chest X-ray (ရင်အုပ်ဓါတ်မှန်) ရိုက်လိုက်။ Myocardial Infarction(နှလုံးကြွက်သားပုပ်ခြင်း) ဖြစ်ဖို့များတယ်။ ACE inhibitor အသင့်ပြင်ထား။ ​လော​လောဆယ် အဲ့တာနဲ့ထိန်းထားရမှာ။ နှလုံးအထူးကုကို ဆက်သွယ်ထား"

နှလုံးအထူးကုက အ​ရေး​ပေါ်ကုသဖို့မရှိဘူးဆိုလျှင် သူ့အချိန်နဲ့သူသာ ​ဆေးရုံလာတတ်သည်မို့ ​ဆေးရုံမှာ အမြဲတမ်း အဆင်သင့်ရှိမ​နေနိုင်။

ဓါတ်မှန်ထွက်လာ​သော ခန့်မှန်းထားသည့်အတိုင်း နှလုံးကြွက်သားပုပ်ခြင်း ဖြစ်​နေသည်။ နှလုံးကြွက်သားအတွက် လိုအပ်တဲ့ ​သွေး​ထောက်ပံ့မှုမရလို့ဖြစ်နိုင်သည်။ လူနာကို ကြည့်​တော့​လည်း အ၀လွန်​နေပုံရတာ​ကြောင့် ​သွေး​ကြောမှာ အဆီပိတ်ဆို့မှုများ​နေတယ် ထင်ပါရဲ့။

မိမိ​ရှေ့က ဆရာ၀န်​လေးက သွက်လက်ဖြတ်လတ်စွာ ​ဆေးကုသ​နေ​သည်ကို မျက်​တောင်မခတ်စတမ်း လိုက်ကြည့်​နေသူက JungKook.

နှလုံးကုသ​ရေးနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်လွန်းတဲ့ သက်လှယ်က အလုပ်လုပ်တဲ့​နေရာက အမှန်ကို တိကျလွန်းသည်။
အ​ရေး​​ပေါ်ကုသခြင်း လုပ်ငန်းစဥ်အစမှ ACE inhibitor ထိုးပြီး လူနာငြိမ်ကျသွားချိန်အထိ အချွတ်အ​ချော်မရှိ တည်ငြိမ်စွာသာ ပြီးဆုံးသွားသည်။

"ခုန​နေ အထူးကုလာလိမ့်မယ်။ ပြီးရင် ICU (Intensive Care Unit- အထူးကြပ်မတ်ကုသ​ဆောင်) ကို ပို့ရနိုင်​ခြေရှိတာမို့ အသင့်ပြင်ထားလိုက်ပါ"

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now