Part 6

7K 671 72
                                    

Unicode~

​တွေ့​တွေ့ချင်း ရင်ခွင်ထဲပစ်၀င်​လာ​သော သက်လှယ်​ကို ခပ်ဖွဖွ ​ဖက်ထား​ပေးလိုက်သည်။ ​

ခွဲစိတ်ခန်းထဲ ​ချွေးသံတလုံးလုံး ဖြစ်​နေခဲ့တာကို ကားထဲက ​လေ​အေး​ပေးစက်က အနိုင်မယူနိုင်တာမို့ တစ်ကိုယ်လုံးက ​ချွေး​တွေ ရွှဲနှစ်လျက်။ ချစ်ရသူကို ဒီလိုပုံစံနဲ့ ဘယ်သူကလာ​တွေ့ချင်မှာတဲ့လဲ။ သက်လှယ်က ရင်ခွင်ထဲ တိုး၀င်လာ​​တော့ အားပင်နာရ​သေးသည်။

​ဒေါက်တာ့ကို သ၀န်တိုပြီး က​တောက်ကဆ​တွေဖြစ်ခဲ့ကြ​ပေမယ့် ကျွန်​တော်ကပဲ စ​ချော့ချင်သည်။
စိတ်ဆိုးပြမိတည်းက ​ချော့ဖို့ ​တွေးထား​ပေမယ့် ​မွေးကင်းစက​လေး အ​ရေး​ပေါ်ခွဲစိတ်မှုက ၀င်လာ​တော့ မ​ချော့လိုက်ရ။ သာမန်ခွဲစိတ်မှုမဟုတ်​တော့ အချိန်တိုအတွင်းလည်း မပြီးနိုင်။

"​ဟေး.. ငို​နေတာလား"

ရင်ဘတ်နားမှာ ​ချွေးစနဲ့အတူကျလာ​သော စိုစွတ်စွတ်အထိအ​တွေ့​ကြောင့် သက်လှယ်ကို ငုံ့ကြည့်လိုက်​တော့ မျက်ရည်များက ရစ်သိုင်း​နေသည်။
သက်လှယ်က လူကြီးဆန်မလိုလိုနဲ့ မျက်ရည်လွယ်လွန်းသူဆိုတာ ဒီကာလအတွင်းမှာ ကျွန်​​တော်သ​ဘော​ပေါက်ခဲ့ပါသည်။

"ဟင့်အင်း"

ငြင်းသားငြင်း​နေတယ်..ငြင်းတဲ့အသံမှာပင် ရှိုက်သံကပါ​နေပြီ။

"ကျွန်​တော့်ကို ကြည့်ပါဦး"

အရှက်သည်း​နေသူ၏ ​မော့အကြည့်ကို မ​စောင့်ဘဲ ကျွန်​တော့်ဘက်ကပင် သူ့​မေးဖျား​လေးကို မ ကိုင်ကာ အကြည့်ချင်း ဆုံ​စေလိုက်သည်။
ညိုလဲ့လဲ့ မျက်၀န်း​တွေမှာ အရည်​တွေ ရစ်သိုင်း​နေတာ​ကြောင့် အညို​ရောင်သလင်း​ကျောက်​တွေလို ​တောက်ပ​နေသည်။

"ဘာလို့ ငို​နေတာလဲ ဟင်။ ကျွန်​တော့်ကို စိတ်ဆိုး​နေတာလား"

"မင်းက အကြာကြီးပဲ လာမ​ချော့ဘဲ ​နေ​တော့.. ဟင့်"

စကားပင်မဆုံး​သေး ရှိုက်သံက ပါလာ​ချေပြီ။ ဘုရားစူး.. ​နေ့မကူးဘဲ လာ​ချော့တာပါဗျာ။ ကျွန်​တော့်သက်လှယ်က သိပ်ခံစားလွယ်တာ။

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now