Unicode~
"မောင် ဖြေရှင်းမယ်ဆိုတာ သူ့ကို ပိုက်ဆံပေးဖို့လား။ ငါလက်မခံနိုင်ဘူး။ သူက ကတိတည်တဲ့လူမဟုတ်ဘူး။ ပြီးတော့ အဲ့ပိုက်ဆံတွေက လောင်းကစားလုပ်ပြီးကုန်တာ"
သာမန်လူတစ်ယောက်ဟာ ထိုမျှသော ငွေတွေမလိုအပ်နိုင်တာကို JungKook သိပြီးဖြစ်သည်။ သို့သော် သက်လှယ်ရှေ့ထပ်မပေါ်လာစေချင်။ တရားစွဲဖို့ကျပြန်တော့လည်း ရုံးကနားရောက်တယ်ဆိုတာ ကောင်းသော အရာမှမဟုတ်တာ။
သက်လှယ်ပြောသလို သိန်း၅၀၀၀နဲ့တင် မပြီးရင်လည်း ခက်ရချေဦးမည်။"ငါလုပ်လိုက်မယ်။ သူ့ဖုန်းနံပါတ်ပေး"
"မဟုတ်တာ။ မောင်သူနဲ့ သက်လှယ်ကို အတွေ့မခံဘူး"
မောင်က အလျှော့ပေးမယ့်ပုံမရှိတာကြောင့် TaeHyung သက်ပြင်းသာ ချမိသည်။ မောင်သာ ပိုက်ဆံပေးမယ်ဆို သေချာပေါက် မောင့်ဖေဖေဆီကယူရမှာပဲ။ မတော်ရသေးတဲ့ ယောက္ခထီးက အမြင်မကြည်မှာကို မလိုလား။
သူ့လို တစ်ကောင်ကြွက်ကို သားအရင်းလို သဘောထားပေးနေတာတောင် ကျေးဇူးတွေက များလှပြီမို့။"ငါ မောင့်ဖေဖေငြိုငြင်မှာ မခံနိုင်ဘူး"
"ဘယ်သူက ငြိုငြင်မယ်ပြောတုန်း။ သက်လှယ် အဲ့ကိစ္စ စိတ်ပူစရာမလိုဘူး။ သက်လှယ်မပေးစေချင်ရင် သူ့ကို တရားစွဲဖို့ပဲ လုပ်လိုက်မယ်"
မောင်တို့က ပါရီမှာ ဆွေဂုဏ်မျိုးဂုဏ်ရှိသူတွေ။ မိမိကြောင့် ရုံးတွေကနားတွေရောက်ရမယ်ဆိုတော့ အားနာတာထက်ပိုပါသည်။ ထိုနည်းလမ်းအပြင်လည်း ကောင်းတာမရှိတော့။
ထို့လူ့ကို တိတ်တိတ်ဆိတ်ဆိတ်ပိတ်လှောင်ပြီး ဆေးထိုးသတ်ရမလားလို့ပင် တွေးမိတော့သည်။
ဆရာ၀န်တစ်ယောက်အနေနှင့် ထိုဆေးကို ခုလို မကောင်းတဲ့ ရည်ရွယ်ချက်ဖြင့် အသုံးမချသင့်သော်လည်း လီဂျယ်အွန်းကိုတော့ဖြင့် ပျောက်ကွယ်စေချင်ပြီ။လီဂျယ်အွန်းနဲ့ ဘာရေစက်မှန်းမသိပေမယ့် စတည်းက ကောင်းတဲ့ရေစက်မဟုတ်ခဲ့ပါ။
တွဲခဲ့တဲ့ကြာချိန်တွေကို ငဲ့ကွက်ပြီး မိမိဘက်က အနစ်နာခံခဲ့သော်လည်း ထိုလူက လိုသုံးလိုသာ သဘောထားသည်။
အဆိုးဆုံးက မိမိပုံစံအတိုင်း နေ၍မရခဲ့ခြင်း။
မိမိငိုရင်ငိုလို့ ရယ်ရင်ရယ်လို့ အမြဲမကောင်းပြောနေတတ်သူ။
ဘယ်သူနဲ့ယှဥ်ယှဥ် ကျွန်တော့်ကို မယုံသူ။
ဒီလူကို ဘယ်လိုစိတ်နဲ့ သုံးနှစ်တွဲခဲ့လဲ တွေး၍ပင်မရတော့။

YOU ARE READING
𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛
DragosteBut on a Wednesday in a café... JJK x KTH Kookv Playlists Catalouge 2