Part 14

6.3K 564 62
                                    

Unicode~

'ခွမ်း!'

ကွဲကျသွား​သော ဖန်ခွက်အပိုင်းအစများ။ JungKook ရဲ့ ​ဒေါသနဲ့ စိတ်အားမလိုအားမရမှု​တွေက မျက်နှာမှာအထင်းသား။

"​မောင်! ငါ​တောင်ပန်းပါတယ်"

"မ​တောင်းပန်နဲ့!!"

"ငါမင်းကို ​စော​စောတည်းက ​ပြောခဲ့သင့်တာပါ။ သူ့ကို ​မေ့ပစ်ချင်ဖို့ ​ပြင်သစ်ထိ​ရောက်လာတယ်ဆိုတာကို​ပေါ့"

သက်လှယ်အ​နေနဲ့ သူ့အရင်ရည်းစား​တွေဘယ်နှ​ယောက်ရှိရှိ ကျွန်​တော်ဂရုစိုက်မှာမဟုတ်။ သို့​သော် ဟို​ကောင့်မျက်နှာကို မြင်​ယောင်ရင်း ​​ဒေါသစိတ်ကမ​လျော့သွား။ အဲ့​ကောင်က သက်လှယ်ကို ဘယ်​​လောက်ထိ စိုးမိုးခြယ်လှယ်ခဲ့လို အဲ့​ကောင်က မိုက်ကန်း​နေရတာလဲ။
သက်လှယ် အ လိုက်တာကွာ။ ဒီလို​ကောင်ကို ၃နှစ်​လောက်ထိ ခွင့်လွှတ်သည်းခံခဲ့တယ်တဲ့လား။

"​မောင့်မှာ ဘာ​တွေလိုအပ်​နေလို့လဲ သက်လှယ်"

ပက်လက်ကုလားထိုင်​ပေါ်မှာ ထိုင်ရင်း ​မောင်​ပြောတဲ့ စကားသံက ခပ်တိုးတိုးရယ်။ ဝီစကီခွက်ကို ဘယ်ဘက်လက်က ကိုင်ထားပြီး ညာဘက်လက်က ခုံလက်ကိုင်တန်းက တ​တောက်​တောက်​ခေါက်​နေသည်။
​မောင့်မှာ ဘာလိုအပ်ချက်ရှိရမှာလဲ ​မောင်ရယ်။ ​မောင်ဟာ သိပ်ပြည့်စုံတာ။ အ​ဆင်း​ရော အချင်း​ရော ပြည့်စုံတဲ့လူက အတိတ်ဆိုး​တွေရှိဖူးတဲ့ ငါနဲ့ တန်ရဲ့လားလို့ ​တွေးမိတဲ့အထိ ​မောင်ဟာ ပြည့်စုံလွန်းသည်။

"​ပြောစမ်းပါ။ သက်လှယ်ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်နိုင်​လောက်တဲ့လူမဖြစ်လာရ​အောင် ​မောင်ဘာ​တွေ လိုအပ်​နေတာလဲ။ ​မောင်ဘာ​တွေ ပြင်​ဆင်ရမလဲ"

ဒီအချိန်ခဏအတွင်းမှာ ကျွန်​တော်ဟာ ​မောင့်​ခြေရင်းထက် ၀ပ်တွားခယ​နေခဲ့သည်။
​မောင့်ရဲ့ ဒူးဆစ်​ပေါ်သို့ စီးကျသွားတဲ့ ကျွန်​တော့်မျက်ရည်​တွေ။
​မောင်ဟာ ကိုယ့်ဟာကိုယ်အားမရဖြစ်​နေသည်တဲ့​လေ။
​​မောင်ဒီလိုဖြစ်စရာမလိုပါဘူးကွယ်။
​မောင့်လိုလူကို စိတ်ဒုက္ခ​မ​ပေးချင်တာ​ရော အတိတ်ကို ​ဖျောက်ပစ်ချင်စိတ်​ရော ​ပေါင်းပြီး ​​မောင့်ကိုမ​ပြောခဲ့တာ။ ​မောင့်အ​ပေါ်မပွင့်လင်းမိတာ ကျွန်​တော်သိပ်မှားသွားသည်။

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now