Unicode~
ဝိုးတဝါးပုံရိပ်တွေကြားမှာ အရိပ်ငယ်တစ်ခုကို မြင်နေရသည်။ မူးနောက် ကိုက်ခဲနေသော နားထင်ကို အသာဖိကိုင်ရင်း ဝရန်တာသို့ ကြည့်လိုက်သည်။
မှုန်ဝါးဝါးပုံရိပ်တချို့ ထင်ရှားပြတ်သားလာဖို့ တစ်ခဏမျှ အချိန်ယူလိုက်ရသည်။"သက်လှယ် သက်လှယ်လေး... သတိရပြီလား။ မောင်စိုးရိမ်လိုက်ရတာကွာ။ မောင်ဘယ်မှမထွက်နဲ့လို မှာထားတာကို။ မောင်ပြန်မရောက်လာရင် သက်လှယ်တစ်ယောက်တည်း မေ့လဲနေတော့မှာပဲ"
စိုးရိမ်တကြီးနဲ့ စကားတွေ အဆက်မပြတ်ပြောနေသော မောင့်အတွက် အပြုံးခပ်ဖျော့ဖျော့လေး တစ်ခု။
မောင့်ပြောတဲ့အတိုင်း အိမ်ထဲမှာ နေခဲ့သင့်တာပါ မောင်ရယ်။ ငါတို့နှစ်ယောက်ကြား အရှုပ်အယှက်တွေ ဖြစ်မလာဖို့ ခပ်တိုးတိုးကြိတ်၍ မျှော်လင့်မိပါရဲ့။
ထိုလူရဲ့ အကြည့်တွေနဲ့ ထိုလူရဲ့ အကြောင်းတွေကို ပြန်တွေးမိတော့ ရင်ထဲမှာ အစိုင်အခဲကြီးတစ်ခုဖြစ်လာသည်။ ထိုလူရဲ့ အကျင့်အရ ဒီအတိုင်း လွှတ်ထားပေးမည်မဟုတ်။ မောင့်ကို မသိစေချင်ဘူးကွယ်။"သက်လှယ်...ခေါင်းမူးလို့လား။ နှုတ်ခမ်းတွေလည်း ဖြူနေတယ်သက်လှယ်ရယ်။ မောင့်ကြောင့်ဖြစ်တာပါ မောင်တာ၀န်မကျေမိတာ"
ကျွန်တော့်ကို ပြောရင်းကို မောင့်မျက်၀န်းထဲအရည်လဲ့လာသည်။ ကျွန်တော့်ကို စိတ်ပူလွန်းလို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ မောင့်ကို မြင်တော့ အားနာလိုက်တာ မောင်ရယ်။
မောင့်ပါးလေးကို ခပ်ဖွဖွကိုင်တော့ မောင်က သူ့လက်နှင့်အုပ်ကိုင်ပြီး ခပ်ဖွဖွနမ်းရှာသည်။"မငိုပါနဲ့။ မောင်က ကလေးလား"
"သက်လှယ်က ကလေးဆိုလည်း ကလေးပေါ့ကွာ။ သက်လှယ် သဘော"
"လာပါဦး။ သက်လှယ်အနား"
မိမိကိုယ်ကိုယ် 'ငါ' ဟူ၍သာ သုံးနှုန်းလေ့ရှိသော TaeHyungက ရုတ်တရက် 'သက်လှယ်'လို့ သုံးလိုက်တော့ JungKook ရင်ခုန်သံတွေ ရပ်သွားရသည်။
ခုချိန်မှာ နှလုံးသွေးတွေ စီးဆင်းနေရဲ့လားပင် မသေချာတော့ချေ။

YOU ARE READING
𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛
RomanceBut on a Wednesday in a café... JJK x KTH Kookv Playlists Catalouge 2