Unicode~
မောင်နဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော့်နှလုံးသားဟာ ဘ၀သစ်တစ်ဖန်ပြန်စလိုက်ရသလို နုပျိုလတ်ဆက်လျက်ရှိသည်။
အလုပ်ချိန်လေး အားရင်တောင် ကြင်နာသူနဲ့ အချိန်ကုန်ချင်တဲ့ ကျွန်တော့်ဆန္ဒကို မောင်က မငြိုမငြင် ဖြည့်ဆည်းပေးသည်။
ကျွန်တော့်ဘက်က ဘယ်ချိန်ဖုန်းဆက်၊ ဘယ်သွားသွား ငါ့ကို ပြောသွားဆိုပြီး တစ်ချက်မှ သတိပေးစရာမလိုခဲ့ပေ။ ဒီလိုပါပဲ တစ်ခါတစ်လေမှာ မှန်ကန်တဲ့လူကို ရှာတွေ့ဖို့ မှားယွင်းတဲ့လူနဲ့ အရင်ကြုံတွေ့ရတတ်တာပဲ။စာတမ်းပြုစုဖို့ ကိစ္စတွေနဲ့ ဆေးရုံအလုပ်ကြောင့် မောင့်ကို အချိန်ပေးနိုင်ဖို့ မနည်းကြိုးစားရပေမယ့် မောင်က နားလည်ပေးသည်။ လက်ထောက်ဆရာ၀န်ရဲ့ အလုပ်မှန်သမျှ မိမိခေါင်းပေါ်ပုံကျနေတဲ့ အလုပ်သင်လေး မောင်က ကျွန်တော့်အတွက်ဆို အားသမျှအချိန်ပေးတတ်သည်။
ကတောက်ကဆဖြစ်ရင်လည်း မောင်သာ အမြဲအလျှော့ပေးတတ်တာမို့ ကျွန်တော့်မှာ အချစ်ပိုရပါသည်။
အခုလည်း ခရစ္စမတ်နဲ့နှစ်သစ်အတွက် ခွင့်တစ်ပတ်ယူထားကြတာတောင် မနားရဘဲ လူနာအိမ်ထိ လိုက်ပြီး စာတမ်းအတွက် လေ့လာရမယ့် ကျွန်တော့်ကို သူကိုယ်တိုင် လိုက်ပို့ပေးဦးမယ်တဲ့လေ။
"မောင်.. မင်း အိမ်မှာအေးဆေး နားလည်း ရသားနဲ။ ငါ့ကို Nice အထိ လိုက်ပို့မလို့လား"
"ခရီးက ဝေးတယ် သက်လှယ်ရဲ့။ ဘယ်လိုလုပ်စိတ်ချမှာလဲ။ သက်လှယ် မွေးနေ့အမီတောင် ပြန်ရောက်မယ်မထင်ဘူး"
၉နာရီလောက် ကားမောင်းရမယ့် ခရီးကို မောင် စိတ်မချနိုင်တာလည်း မမှား။ မောင်က ကျွန်တော့်ကို သိပ်ဂရုစိုက်တာကိုး။
"Nice အထိ သက်လှယ်တစ်ယောက်တည်းသာ မောင်းသွားရင် မောင်တော့ စိတ်ဖြောင့်ဖြောင့်နဲ့ အိမ်မှာနေနိုင်မယ်မထင်ဘူး သက်လှယ်"
မောင်ပြောလည်း ပြောချင်စရာ။ ပါရီမှာတောင် တိုက်ခန်းနဲ့ ဆေးရုံး၊ ကျောင်းကလွဲရင် ဘယ်နေရာမှ တစ်ယောက်တည်း သွားလေ့မရှိသော ကျွန်တော်က Niceအထိ တစ်ယောက်တည်း သွားဦးမယ်တဲ့လေ။ ဘယ်လို အဆီအငေါ် မတည့်မှုကြီးလဲ။

YOU ARE READING
𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛
RomanceBut on a Wednesday in a café... JJK x KTH Kookv Playlists Catalouge 2