"မောင် ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"
"ဘာလဲ နှလုံးအထူးကုကြီး ဖြစ်ပြီဆိုတော့ မောင်ခေါ်ရာတောင် မလိုက်တော့ဘူးပေါ့"
မောင်က ကလေးဆန်ဆန်ပြောတော့ ကျွန်တော်ရယ်မိပါရဲ့။ ဒီနေ့ မဟာတန်းတွေ ဘွဲ့ယူရတဲ့နေ့မို့ ဘွဲ့ယူပြီးချိန်ကစပြီး မောင်က စနေတော့တာ။
အခုလည်း ကျွန်တော့်ကို မပြောမဆိုနဲ့ ဘယ်ခေါ်မယ်မသိ။ ကျွန်တော့်မှာ သူခေါ်ရာနောက်သာ။"မောင်.."
"ဟင်.. သက်လှယ်"
"ငါနဲ့ တွဲတဲ့၃နှစ်လုံး ငါ့ဝေယျာ၀စ္စတွေ အကုန်လိုက်လုပ်နေရတာ မငြီးငွေ့ဘူးလား"
ကျွန်တော်ကပြောတော့ မောင်က ခပ်ဖွဖွရယ်သည်။ မောင့်ပါးပေါ်က ပါးချိုင့်ပိစိလေးတွေက မောင့်အပြုံးပန်းချီကို ဆေးခြယ်နေလေရဲ့။
ကျွန်တော်ပိုင်တဲ့ မောင်က ကားမောင်းနေတဲ့ လက်ချောင်းရှည်ရှည်လေးတွေကအစ မေးရိုးမျက်နှာကျလေးက အဆုံး သိပ်ကြည့်လို့ကောင်းလိုက်တာ။"ငြီးငွေ့စရာလား အရူးလေးရဲ့။ သက်လှယ်ကို စတွေ့တည်းက မောင်က ဟိုးအိမ်ထောင်ရက်သားကျတဲ့ အချိန်ထိ အစီအစဥ်ဆွဲထားပြီးသား"
ဘယ်ဘက်လက်က ကားမောင်းရင် ညားဘက်လက်က ကျွန်တော့်လက်ကိုကိုင်ကာ နူးညံ့စွာအနမ်းခြွေလာသည်။ မောင့်အပြောမှာ ကျွန်တော်ဟာ တဖြုတ်ဖြုတ်ကြွေဆင်းရင်း ပါးမို့မို့တို့ နီမြန်းသွားပြီ ထင်ပါရဲ့။
ချစ်သူသက်တမ်း ၃နှစ်ရှိသည့်တိုင် ကျွန်တော်ဟာ ထိုစကားတွေကြားတိုင်း ကျင့်သားမရစွာဖြင့် ရှက်သွေးဖြာဆဲ။ ဒီလူနဲ့ ကိုယ်လက်နှီးနှောဖူးတာ အကြိမ်ကြိမ်အခါခါဆိုပေမယ့် မောင့်ဆီက အိမ်ထောင်ရေးအကြောင်းကြားရတိုင်း အရှည်သည်းမိပါသည်။
မောင်ဟာ ကျွန်တော့်ကို စတွေ့ချိန်တည်းက အခြေအနေအများကြီးထိ ရည်ရွယ်ထားပြီးပြီဆိုသော အသိက နှလုံးသားလေးကို နူးညံ့စွာ နွေးထွေးသွားစေသည်။"မင်း ငါ့ကို ဘယ်ခေါ်သွားမလဲ မပြောသေးဘူးနော်။ ငါ့ကို ပြန်ပေးဆွဲမလို့ ကြံစည်နေတာလား"
YOU ARE READING
𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛
RomanceBut on a Wednesday in a café... JJK x KTH Kookv Playlists Catalouge 2