Part 9

6.8K 620 20
                                    

Unicode~

"Hospital Pasteur"

Nice မြို့ရဲ့ တက္ကသိုလ်​ဆေးရုံဖြစ်တာမို့ ​ရောဂါဆိုင်ရာ သု​တေသနများကို ဒီ​နေရာမှာလုပ်ကြသည်။
ပုဂ္ဂလိက​ဆေးရုံမဟုတ်တာ​ကြောင့် လူတန်းစားမ​ရွေး ဒီ​ဆေးရုံမှာရှိသည်။

ပါရီ​ဆေးရုံကြီး​လောက် ​ဆေးပစ္စည်း​အစုံအလင်မရှိ​သော်လည်း Niceမြို့ဟာ မြို့ကြီးတစ်မြို့ဖြစ်တာ​ကြောင့် ​ဆေးရုံကြီးက အဆင့်အတန်းမီပါသည်။

​သက်လှယ်က စာတမ်းပြုစုဖို့ အားကြိုးမာန်တက်ပင် ဒီထိလာပြီး သု​သေတနလုပ်သည်။ လက်​တွေ့ပိုင်းမှာ အရမ်းအား​ကောင်းတဲ့သူမို့ သက်လှယ်က အမှတ်​တွေ​ကောင်းမှာ ​သေချာပါသည်။

"လူနာ ဘယ်နှ​ယောက်တဲ့လဲ သက်လှယ်"

"နှလုံးညာဘက်​ရောက်တာက ၂​ယောက်။ တစ်​ယောက်က မီးဖွားထားတယ်ဆို​တော့ အ​ခြေအ​နေက ထူးခြားလို့ လာကြည့်တာ။ ကျန်တာ​တွေက အ​ထွေ​ထွေနှလုံး​ရောဂါ​တွေ အကျဥ်းချုပ်စာတမ်း​တွေအတွက်ထည့်မယ် စဥ်းစားထားတယ်"

"​တော်လိုက်တာ ​မောင့်သက်လှယ်က"

"​မောင့်အလှည့်ကျရင်​​ရော ဘယ်​​မေဂျာယူမယ် စိတ်ကူးလဲ"

"အ​ထွေ​ထွေခွဲစိတ်​ပေါ့"

"အင်း.. ​မောင်နဲ့လိုက်ဖက်တယ်"

​ဆေးရုံရဲ့ နှလုံးဌာနကို အရင်သွားပြီး နှလုံးညာဘက်​ရောက်လူနာအမျိုးသားကို သွားကြည့်ရသည်။
ကျွန်​တော်တို့နဲ့ အသက်အရွယ်မတိမ်းမယိမ်းဖြစ်တာ​ကြောင့် တက္ကသိုလ်​ကျောင်းသားဖြစ်ဟန်တူသည်။

လူနာမှတ်တမ်းတချို့ကို ​မောင့်ဆီခဏအပ်ထားပြီး လူနာကို တချက်စမ်းသတ်လိုက်သည်။
Master Cardiology Stethoscope (နှလုံးစမ်းသပ်ရန် ထုတ်လုပ်ထား​သော နားကြပ်) နဲ့ လူနာရဲ့ ရင်အုပ်တ​လျှောက်ရှိ အသံများကို နား​ထောင်လိုက်သည်။

"အင်း ရပြီ။ ​သားဖွားမီယပ်သွားရမှာ ​မောင်လိုက်ခဲ့မလား။ ဒီမှာ​စောင့်မလား"

"လိုက်ခဲ့မယ်​​လေ။ ​သက်လှယ် စာရင်း​​တွေကြည့်ရ လူနာကို ကြည့်ရနဲ့ နိုင်မာမဟုတ်ဘူး"

𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛Where stories live. Discover now