Unicode~
"မောင် ရောက်နေပြီ သက်လှယ်"
မောင့်ဆီက စာရတာနဲ့ တိုက်ခန်းအောက်ထပ်ကို အပြေးအလွှားဆင်းခဲ့ရသည်။
အလုပ်သင်၀င်တာ ၁နှစ်ခန့်ရှိပြီဖြစ်တဲ့ မောင်က နှစ်၀က်ကျောင်းခေါ်ချိန်နဲ့ အစီရင်ခံစာအတွက် ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်ခဲ့မည်တဲ့။
အပတ်တိုင်း ကျွန်တော်အတန်းချိန်တွေရှိတဲ့နေ့ဆို ကျောင်းထိလာပြီး ကြိုပို့လွန်းလို့ ကျွန်တော့်အတန်းဖော်တွေပါ မောင့်ကို သိနေကြပြီဖြစ်သည်။"မောင်!"
ကားတံခါးကို မှီတွယ်၍ရပ်နေသော မောင့်ကို ပြေးဖက်လိုက်တော့ ကိုယ်လုံးသွယ်လျလျလေးက ရင်ခွင်ကျယ်ကြီးထဲ အင့်ခနဲ။
မောင်က ထုံးစံအတိုင်း နဖူးကဆံစတွေကိုဖယ်ပြီး ခပ်ဖွဖွနမ်းသည်။"ညနေကျ မောင်လာခေါ်မယ်နော် သက်လှယ်"
"မောင်လာခေါ်ရမှာပေါ့။ ငါ့ကို ပစ္စည်းတွေ မနိုင်မနင်းဖြစ်စေချင်လို့လား"
ဟုတ်ပါသည်။ ကျွန်တော်ဒီနေ့ညနေမှာပဲ မောင့်အိမ်ကို ပြောင်းနေဖို့ စိတ်ကူးထားသည်။ ကျွန်တော်နေတဲ့ တိုက်ခန်းက တစ်နှစ်စာချူပ်သက်တမ်းပြည့်တော့မှာမို့ သက်တမ်းမတိုးတော့ဘဲ မောင်နဲ့နေဖို့သာ ဆုံးဖြတ်လိုက်သည်။
မဟုတ်ရင်တောင် မောင်က ကျွန်တော့်တိုက်ခန်းလာပြီး တကူးတက၀င်ကြိုရတာမို့ မသက်သာလှ။"သက်လှယ်ပစ္စည်းတွေ သိမ်းပြီးပြီလား။ မောင် စောစော လာပြီး ကူပေးမယ်လေ"
"တော်ပါပြီ။ မောင့်မေမေခေါ်ထားတာဆို။ သွားပြီမှ ငါ့ဆီလား။ တစ်ခါတလေမှသွားတွေ့တာကို နောက်ဆံတင်းမနေနဲ့"
စကားတပြောပြောဖြင့်ပင် ကျောင်းသို့ရောက်လာခဲ့သည်။ ကျောင်းရောက်တော့ ဆေးပညာဌာနသွားရတာချင်း တူသော်ငြား ဌာနခွဲက မတူတာကြောင့် မောင်လည်း မောင့်လမ်းမောင် ကျွန်တော်လည်း ကျွန်တော့်အတန်းကျွန်တော်သာ သွားရသည်။

YOU ARE READING
𝐵𝑒𝑔𝑖𝑛 𝐴𝑔𝑎𝑖𝑛
Storie d'amoreBut on a Wednesday in a café... JJK x KTH Kookv Playlists Catalouge 2