Arc1 - လူမှားပြီးယုံကြည်မိခြင်း
ဒီနေ့...တစ်ခုခုကွဲပြားနေသလိုဘဲ
Unicode
ရွှယ်လင်ရဲ့ခေါင်းတွေ ဆိုးဆိုးဝါးဝါး ထိုးကိုက်နေပြီး သူ့တစ်ကိုယ်လုံးလည်း နာကျင်နေသည်။ ဒီခံစားချက်ကြီးက သူ့ကို ကားနဲ့တက်ကြိတ်သွားသလိုမျိုးဘဲ..တစ်ကယ် ကြောက်ဖို့ကောင်းသည်။
သူ့မှာ လှုပ်ဖို့ ခွန်အားလေးတောင်မရှိတဲ့အတွက် အိပ်ယာထဲမှာဘဲ ညည်းညူနေရသည်။ နောက်ဆုံးမှာတော့ ခွန်အားလေးနည်းနည်း စုဆောင်းနိုင်သွားပြီး မျက်လုံးတွေဖွင့်ကြည့်လိုက်၏။
သူမြင်နေရသမျှက အဖြူနဲ့အမည်း ၊ မှိန်ဖျော့ပြီး မကြည်မလင်တွေ ဖြစ်နေတာကြောင့် အခုလက်ရှိ သူ့ခန္ဓာကိုယ်အခြေအနေ ဘယ်လောက်ဆိုးလဲ သိနိုင်သည်။
သေးငယ်နက်မှောင်ပြီးလုံးဝန်းတဲ့ ပုတီးစေ့လေးတစ်စုံက သူ့မြင်ကွင်းထဲဝင်လာပြီး နှင်းဖြူမြေခွေးရဲ့ လက်ဝါးကြီးတစ်ဖက်က သူ့မျက်နှာကို ရင်းရင်းနှီးနှီးဘဲ ရိုက်ချလိုက်သည်။
"မဂ်လာပါ host.." အသံက နူးညံ့ညင်သာနေပြီး မြေခွေးတစ်ကောင်ရဲ့အသံနဲ့ လုံးဝတူမနေချေ။ရွှယ်လင် သူ့မျက်လုံးတွေကိုလှိမ့်ပစ်လိုက်ချင်စိတ်လေးရှိနေပေမဲ့လည်း သူ့ခန္ဓာကိုယ်က တစ်ကယ့်ကို ဘာခွန်အားမှ မရှိပေ။ ကံကောင်းစွာနဲ့ သူ့ဝိညာဥ်က သန်မာနေတာကြောင့် ဒီမြေခွေးလေးနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်သည်။
"ငါ့ရဲ့ ခန္ဓာကိုယ်အခြေအနေကောင်းလာအောင် ကူညီပေးဦး..""အချိန်နဲ့တည်နေရာကို ဖြတ်သန်းလာရတဲ့ hostရဲ့ သက်ရောက်မှုတွေက မပျောက်သွားသေးဘူး.. အဲ့တာပြီးသွားရင် မင်းခန္ဓာကိုယ်အခြေအနေက ချက်ချင်းတိုးတက်လာလိမ့်မယ်.." မြေခွေးလေးက ကူတင်ပေါ်တက်လာပြီး ရွှယ်လင်ရဲ့ ခေါင်းရင်းဘေးမှာထိုင်ရင်းပြောလာသည်။
"host မျက်လုံးတွေမှိတ်ပြီး နည်းနည်းလောက်အားပြန်ဖြည့်လိုက်.."ရွှယ်လင် သဘောတူလိုက်၏။ သူ့စိတ်ထဲမှာတော့ သူဒီကိုမလာခင်တုန်းက သူ့ရှေ့က ထိုလူက ဂရုစိုက်ဖို့ပြောခဲ့တာ အံ့သြစရာမရှိတော့ဘူး လို့တွေးနေသည်။ အချိန်နဲ့တည်နေရာကို ဖြတ်သန်းလာရတဲ့ သက်ရောက်မှုတွေက ပြင်းထန်လွန်းတာကြောင့် အခုထိ သူ့စိတ်အခြေအနေက မတည်ငြိမ်နိုင်သေးဘဲ စိတ်ဓာတ်တွေ တော်တော်ကျနေသည်။ ဒါ့အပြင်ကိုမှ သူ့ခန္ဓာကိုယ်ကလည်း ကောင်းမွန်တဲ့အခြေအနေမှာ ရှိမနေပေ။ သူမျက်လုံးတွေမှိတ်ပြီး မကြာခင်မှာဘဲ အိပ်ပျော်သွားတော့၏။
KAMU SEDANG MEMBACA
ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]
RomansaAuthor: 筱玄 Xiao Xuan I'm just translate this