Arc 2 _ ch-10

314 76 3
                                    

ကြည့်ရတာ ကာလကြာရှည်တဲ့စစ်ပွဲဖြစ်တော့မဲ့ပုံဘဲ



Unicode

စန္ဒယားက ဂီတသံစဥ်ကပြိုင်ပွဲခန်းမတစ်လျှောက်ပျံ့နှံ့နေပြီး လူတိုင်းရဲ့အကြည့်ကလည်း စင်ပေါ်က လူငယ်လေးဆီမှာကပ်တွယ်နေကြ၏။ ဒိုင်တွေတောင်မှ အနည်းငယ်လေးသောဆူညံသံလေးက ဒီပါရမီရှင်လေးကို နှောင့်ယှက်မိမှာကြောက်တာကြောင့် အသက်ကိုထိန်းရှူနေကြလေသည်။

လူငယ်လေးက သူ့စိတ်ဝိညာဥ်ထဲကထွက်လာတဲ့ အပိုင်းအစတွေကိုတီးခတ်နေပုံပေါ်ပြီး သံစဥ်တစ်လျှောက် အတားအဆီးမဲ့စွာလှုပ်ရှားနေတဲ့လက်တစ်စုံကလည်း ထိုလက်တစ်စုံရဲ့ အပင့်အချလှုပ်ရှားမှုလေးတွေမှာ လူတွေရဲ့နှလုံးသားကို အတူဆောင်ယူသွားဟန်ပင်..။

ထိုလူရဲ့ ရွှေရောင်မျက်လုံးတွေကလည်း စင်ပေါ်ကကောင်လေးရဲ့ကိုယ်ပေါ်မှာ ကျောက်ချနေ၏။ သူ့တစ်ကိုယ်လုံးကအရှိန်အဝါတွေတောင်မှ ထိုသူရဲ့ဂီတသံစဥ်တွေကြောင့် နူးညံ့နေလေသည်။ သူ့ဘေးက အိမ်တော်ထိန်းက သူ့သခင်ကြီးဖြစ်သူကို အံ့အားသင့်မှုတွေနဲ့ကြည့်လိုက်မိသည်။ ထို့နောက် စင်ပေါ်ကထိုလူငယ်လေးကိုလှည့်ကြည့်လိုက်မိပြီးနောက် သူ့နှလုံးသားအနက်ရှိုင်းဆုံးနေရာကနေ ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။

ွသီချင်းပြီးသွားတာနဲ့ ရွှယ်လင်ထကာ ခါကိုင်းနှုတ်ဆက်လိုက်ပေမဲ့ သီချင်းထဲနစ်မြောနေရာကနေ ဘယ်သူမှစိတ်ပြန်မလည်လာသေးပေ။

သူလည်းစိတ်ထဲမထားဘဲနဲ့ နောက်လှည့်ကာ စင်ပေါ်မှဆင်းခဲ့လိုက်သည်။ သူစင်ပေါ်မတက်ခင်တည်းက လေယာဥ်လက်မှတ်ဖြတ်ထားပြီးသားဖြစ်တာကြောင့် အခုတော့ လေဆိပ်ကိုတန်းသွားကာ နောက်လေယာဥ်နဲ့တရုတ်ကိုပြန်သွားဖို့ဘဲလိုတော့သည်။

သူစင်ပေါ်ကမဆင်းခင်မှာဘဲ နားတောင်အူသွားလောက်ရတဲ့အထိ ခန်းမတစ်ခုလုံးလက်ခုပ်သြဘာသံတွေနဲ့ပြည့်နှက်သွားတော့လေသည်။

စိတ်မကောင်းစရာက ရွှယ်လင်က ချီးကျူးသြဘာသံတွေကိုအမှန်တစ်ကယ်ဂရုမစိုက်ပေ။ သူ့အမနဲ့သူ့တူလေးကိုသွားဖို့နေရာစီစဥ်ပေးပြီးပေမယ့်လည်း ရွှယ်လင်သူတို့နဲ့လူကိုယ်တိုင်တွေ့ပြီး သံသယတွေကိုပြောပြချင်တာကြောင့် ဒီမှာဖြုန်းစရာအချိန်မရှိပေ။ ဒါကြောင့် ဝန်ထမ်းလေးက သူ့အခန်းကိုနောက်တစ်ကြိမ်လာခေါက်တဲ့အချိန်မှာတော့ သူ့အခန်းကအလွတ်ကြီးဖြစ်နေလေပြီ။

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Où les histoires vivent. Découvrez maintenant