Arc1 _ ch-6

439 82 0
                                    

စစ်သူကြီးစစ်တိုက်မထွက်ခင်မှာတော့ မသေနိုင်ပါဘူး

Unicode

ရွှယ်လင် နိုးလာတဲ့အခါမှာတော့ ရှောင်ချင်ရဲ့ငိုသံက သူ့နားထဲကိုပြတ်တောင်းပြတ်တောင်းနဲ့ ဝင်ရောက်လာသည်။ သူချောင်းအနည်းငယ်ဆိုးလိုက်တဲ့အခါ သူ့ရင်ဘက်က ပြင်းပြင်းထန်ထန်နာကျင်လာပေမဲ့ သူရယ်ရင်းပြောလိုက်၏။
"ယောက်ျားလေးဖြစ်ပြီး ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ငိုနေရတာလဲ.."

ရှောင်ချင်က သူနိုးလာတာတွေ့တဲ့အခါ မျက်ရည်ကမကျလာတော့ပေမဲ့ အသံကအက်ကွဲနေတုန်းဖြစ်၏။ သူကရွှယ်လင်ကို ထိန်းပြီးထူပေးလိုက်သည်။
"သခင်လေး...နောကျဆုံးတော့ နိုးလာပြီပေါ့.."

ရွှယ်လင် ချောင်းထပ်ဆိုးလိုက်ပြီး အခန်းပတ်ပတ်လည်ကိုကြည့်ကာ မေးလိုက်သည်။
"ဒါက ဘယ်နေရာလဲ...ငါမေ့နေတာဘယ်လောက်တောင်ကြာပြီလဲ.."

"သခင်လေးမေ့နေတာ သုံးရက်နဲ့သုံးညတောင်ရှိပြီ..။ သခင်လေးသာ မနိုးလာသေးဘူးဆိုရင် ရှောင်ချင်က သခင်လေးနောက်ကိုလိုက်လာတော့မလို့.."
သူ့မျက်လုံးထဲမှာ မျက်ရည်စတွေကရှိနေသေး၏။ ဒီအခိုက်အတန့်မှာ သုံးရက်တာ ကြောက်ရွံ့ထိတ်လန့်မှုတွေက ဝမ်းနည်းမှုတွေအဖြစ်ပြောင်းလဲသွားရတော့သည်။ နောက်ဆုံးတစ်ခေါက် သခင်လေးပြင်းပြင်းထန်ထန်ဖျားပြီးထဲက. ဒီလိုမျိုး အကြီးအကျယ်ကြောက်ရွံ့မှုမျိုးသူမခံစားခဲ့ရတော့..။

ရွှယ်လင် ရယ်ချင်သွားသည်။
"မင်းပြောနေတဲ့ပုံက မင်းသခင်လေးက အချိန်မရွေး သေသွားတော့မဲ့ပုံနဲ့.."

ရှောင်ချင်က မျက်လုံးတွေနီရဲလာပြီး ဘာမှပြန်ပြောမလာပေ။ တစ်ကယ်တော့ နန်းတော်က နန်းတွင်းသမားတော်ရဲ့အပြောအရတော့ သခင်လေးရဲ့ လက်ကျန်အချိန်တွေက အများကြီးမကျန်တော့ချေ။ သူ သူ့သခင်လေး ဒီတစ်ကြိမ်တော့ နိုးမလာနိုင်တော့ဘူးလို့ထင်ခဲ့ပြီး တစ်ကယ်ဘဲ သခင်လေးနောက်ကိုလိုက်သွားဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်သည်။
"ဒီနေရာက စစ်သူကြီးအိမ်တော်ပါ..ဟုတ်သားဘဲ အခုသခင်လေးကနိုးလာပြီဆိုတော့ စစ်သူကြီးကို သတင်းသွားပို့ရမယ်.."

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now