Arc 2 _ ch-15

339 72 0
                                    

မစ္စတာOwens နောက်တစ်ခေါက်ပြန်တွေ့ရတာဝမ်းသာပါတယ်


Unicode


ရွှယ်လင် အချိန်ကုန်ဆုံးမှုကိုဘယ်တုန်းကမှဂရုမစိုက်ခဲ့ပေမယ့် မူလကသူ့ပေါင်လောက်သာရှိတဲ့ကလေးငယ်လေးက တစ်ဖြည်းဖြည်းကြီးထွားလာပြီး အခုသူ့ခါးလောက်ဖြစ်လာတာကိုကြည့်ရင်းနဲ့ ရုတ်တရက် အချိန်စီးဆင်းမှုကိုနားလည်သွားခဲ့ရသည်။

ဒါပေမဲ့ဝမ်မော့ရဲ့ကြီးထွားမှုနှုန်းက သူ့ရဲ့တိုးတက်မှုအရှိန်နှုန်းနဲ့တော့လုံးဝကွာခြားလေသည်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မိုးရွာရွာနေပူပူ ရွှယ်လင် နှစ်ပတ်ကိုတစ်ကြိမ် စိတ်ရောဂါအထူးကုဆီကို ဝမ်မော့ကိုခေါ်သွားပြခဲ့သည်။ ဝမ်မော့ရဲ့ပြင်ပကမ္ဘာကြီးကိုခုခံကာကွယ်မှုတွေက ကုသမှုတွေ မိသားစုရဲ့ဂရုစိုက်မှုတွေကြောင့် တစ်ဖြည်းဖြည်းလျော့ကျလာခဲ့သည်။ သူက သူ့ကိုယ်သူဂီတထဲမှာသာနှစ်မြုပ်ထားပြီး ပြင်ပကမ္ဘာကနေအဆက်ဖြတ်နေရတာကို ကြိုက်နေတုန်းဖြစ်သော်လည်းဘဲ အနည်းဆုံးတော့ တစ်ခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာဘာပြဿနာမှမရှိတော့ပေ။

ဒါကဒီအတိုင်းဘဲ သူကစကားပြောရတာကိုမကြိုက်နှစ်သက်ရုံသာဖြစ်သည်။

ပထမတုန်းကတော့ ဆရာဝန်က သူ့ရဲ့လက္ခဏာတွေက အရမ်းပြင်းထန်နေတာကြောင့် ရွှယ်လင်ကို သူ့ကိုသေချာဂရုစိုက်ဖို့အကြံပေးခဲ့သည်။ နေ့တိုင်းသူ့ကိုအဖော်ပြုပေးနိုင်ရင်တော့အကောင်းဆုံးဖြစ်ပြီး သူလုံခြုံမှုဆိုတာကိုခံစားလာရလိမ့်မည်။ ဒီတော့မှသူက ကမ္ဘာကြီးအပေါ်မနှစ်မြို့မှုတွေမရှိတော့ဘဲနဲ့ သူ့ဘာသာသူ သူနဲ့ရင်းနှီးလာလိမ့်မည်။

ရွှယ်လင်က စီးပွားရေးတစ်ခုစတင်လုပ်ကိုင်ပြီးပိုက်ဆံရှာနေရတာနဲ့မအားလပ်သော်ငြားလည်း သူကအချိန်ယူပြီး သူနဲ့အဖော်ပြုပေးပြီး ဝမ်မော့ရဲ့ဂီတပါရမီကိုရှာတွေ့စေခဲ့သည်။

သူ့အမေရဲ့ ပန်းချီအရည်အချင်းနဲ့ယှဥ်လိုက်ရင် သူကဂီတအတွက်ပိုသင့်တော်ပုံပေါ်လေ၏။ ဂီတကနေတစ်ဆင့် သူ့ရဲ့ဖော်ပြဖို့ခက်ခဲတဲ့ခံစားချက်တွေကို သူ့ဘေးကလူတွေကိုသိရှိစေနိုင်သည်။

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now