Arc 2 _ ch-12

286 67 0
                                    

ဒါကိုယ့်ရဲ့ business ကတ်ဘ

Unicode

ရွှယ်လင် system ကိုဗလာသက်သက်စိုက်ကြည့်လိုက်သည်။
"ဒါက ဇာတ်ကြောင်းထဲကအတိုင်းလား"

system ရဲ့မျက်နှာကလည်းပုံမှန်မဟုတ်ပေ။
"အာ..အဲ့တာက...ဒီလိုမဖြစ်သင့်ဘူး.."

ရွှယ်လင် ဖုန်းပြန်ကိုင်လိုက်ပြီး စုံထောက်နဲ့စကားဆက်ပြောလိုက်သည်။
"ခိုးခံလိုက်ရတာလား...မင်းသူမကိုပြန်ရှာနိုင်လား.."

"ရှာရမဲ့နေရာတွေက ကျယ်ပြန့်လွန်းတယ်..ပြီးတော့ကလေးကအခိုးခံလိုက်ရတာအချိန်တစ်ချို့ရှိနေပြီ။ အဘွားကြီးက ကလေးမလေးကို သူနဲ့အတူမာကျောက်ကစားတဲ့နေရာကို ခေါ်သွားခဲ့တာ...တစ်နေကုန် ကလေးကိုဘယ်သူမှကြည့်ရှုမနေတာကြောင့် ကလေးဘယ်အချိန်ပျောက်သွားလဲ ဘယ်သူမှမသိလိုက်ဘူး..။ နောက်တစ်နေ့မှာ သူတို့ကလေးကိုတစ်နေကုန်ရှာခဲ့ကြပေမယ့် ရွှီရုန်ယိကိုတော့ နောက်ထပ်နှစ်ရက်လောက်မပြောရဲခဲ့ကြဘူး..။ အခုရွှီရုန်ယိလည်း သွားရှာနေပြီ.."

ရွှယ်လင် မျက်လုံးတွေမှေးကျဥ်းလိုက်သည်။ ဒါကဘယ်လိုအခြေအနေမျိုးလဲ..။ ဘာလို့ကစားပွဲရဲ့ခက်ခဲမှုက ရုတ်တရက်ကြီးမြင့်တက်လာရတာလဲ....။

"သိပြီ...ငါ့ကိုသက်သေတွေရှာဖို့ကူညီပေးပါဦး..နောက်ဆုံးကျသင့်ငွေကိုအခုပို့ပေးလိုက်မယ်..ဒါကြောင့် သူတို့ကိုအမြဲတမ်းစောင့်ကြည့်ပေးဖို့မမေ့နဲ့..ရွှီရုန်ယိဖြစ်ဖြစ် ပိုင်လုကျီ ဖြစ်ဖြစ်ကိစ္စမရှိဘူး သူတို့ရဲ့လှုပ်ရှားမှုမှန်သမျှငါ့ကိုပို့ပေးပါ"

"ကောင်းပြီ...မင်းကပိုက်ဆံပေးထားတဲ့လူဘဲ..ငါကပြောတဲ့အတိုင်းလုပ်ပေးရမှာပေါ့.."

ရွှယ်လင် ကိစ္စတွေကိုစုံထောက်ဆီလွှဲပေးလိုက်ကာ သူ့မေးစေ့လေးကိုပွတ်ပြီး system ကိုမေးလိုက်သည်။
"ဒါကဘယ်လိုဖြစ်တာလဲ"

system တစ်ဖက်လူရဲ့သေစေနိုင်တဲ့အကြည့်တွေအောက်မှာ ကိုးယို့ကားယားနဲ့ရယ်ပြလိုက်ပြီး သူ့ကိုယ်သူ မတရားခံရတဲ့ပုံစံအပြည့်နဲ့ ဘောလုံးလေးလိုခွေနေလိုက်သည်။
"host....ဒါအတွက်တော့ ငါ့ကိုအပြစ်တင်လို့မရဘူးလေ"

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now