Arc1 _ ch-2

483 88 0
                                    

ဒီတွက်ချက်နေတဲ့အကြည့်တွေအရတော့ ငါတို့သခင်လေးဖြစ်နေတုန်းဘဲ

Unicode

"အခုက ခန့်မှန်းချေဘယ်အချိန်ကာလလောက်မှာ လဲ"
ဒီsystemရဲ့ပုံစံကိုတော်တော်ကြီးမကြိုက်သော်ငြားလည်း ရွှယ်လင်အတွက်မူသူ့ရဲ့အမြှီးကသာ ပထမဦးစားပေးဖြစ်တာကြောင့် တာဝန်တွေအကုန်လုံးပြီးစီးအောင်မြင်ဖို့ လိုအပ်သည်။

"အမ်း"ခုတင်ခြေရင်းမှာရှိနေတဲ့ systemက သူ့လက်တွေကို ခေါင်းပေါ်အုပ်ထားရင်းနဲ့ မဝ့ံမရဲပြောလာသည်။
"သတင်းဆိုးကတော့ ခင်ဗျားရဲ့ကျောက်စိမ်းကို ဇာတ်လိုက်ဆီကိုလွှဲပြောင်းပေးလိုက်ပြီးသွားပြီ။
သတင်းကောင်းကတော့သူအခုလေးတင်ထွက်သွားတာပါ...မင်းသာအခု အမြန်လုပ်မယ်ဆိုရင် အင်ပါယာစာမေးပွဲမတိုင်ခင်မှာ သူ့ကိုဖော်ထုတ်နိုင်ဖို့ မြို့တော်ကိုသွားလို့ရသေးတယ်..."

ရွှယ်လင်သူ့ရဲ့လက်ဖဝါးကိုဆန့်တန်းရင်းသူရဲ့ဖျော့တော့တော့ လက်ချောင်းလေးများကိုငေးကြည့်လိုက်မိသည်။ အချိန်တိုင်းလိုလိုစာရေးခြင်းကြောင့်ဖြစ်နိုင်သည်..လက်ချောင်းလေးများတွင် အသားမာတက်လို့နေ၏။ ကြည့်ရတာ မူလပိုင်ရှင်မှာ စာလေ့လာခြင်းနဲ့ အင်ပါယာစာမေးပွဲတို့အပေါ်မှာ ရှင်းပြလို့မရနိုင်တဲ့ စွဲလမ်းမှုတစ်မျိုးရှိနေပုံပေါ်သည်။

"အဲ့တာကသတင်းကောင်းဖြစ်ဖြစ်သတင်းဆိုးဖြစ်ဖြစ် အရေးမကြီးဘူး၊ အချိန်တိုင်း အချိန်တိုင်း မှာပြီးမြောက်သွားအောင်လုပ်ဆောင်နိုင်မဲ့တစ်ခုခုတော့ရှိရမယ်၊ဒီ၀တ္ထုက ဇာတ်ကြောင်းတွေအကုန်အပေါက်တွေနဲ့ပြည့်နေတာ၊ ဒီမှာ ငါတို့ 'bug' တွေရှာတွေ့နိုင်မဲ့ နေရာတွေ အများကြီးဘဲ... "

systemက သူ့နားရွက်တွေကိုထိကိုင်ရင်း ရွှယ်လင်ကိုလှမ်းကြည့်လိုက်သည်။သူ့ရဲ့အနည်းငယ်ပင့်တက်နေသောနှုတ်ခမ်းကိုကြည့်ရင်း ဘာရယ်ကြောင့်မှန်းမသိ အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားရ၏။

ရှင်းမပြတတ်ပေမဲ့ သူတစ်ခါမှမတွေ့ဖူးသေးတဲ့ ဇာတ်လိုက်တွေအတွက် ဖယောင်းတိုင်ထွန်းပေးချင်လာသည်။

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now