Arc1 _ ch-7

373 77 0
                                    

ဘယ်လိုဘဲဖြစ်ဖြစ် အကြာကြီးနေရတော့မှာမှမဟုတ်တာ...ဘာလို့စိုးရိမ်နေရမှာလဲ



Unicode

ညလယ်မှာ ရွှယ်လင်အိပ်နေရာကနေ ရုတ်တရက်နိုးလာပြီး မျက်လုံးတွေဖွင့်ကြည့်လိုက်တဲ့အခါမှာ အမှောင်ထဲမှာတောင် ခပ်ဖျော့ဖျော့လေးတောက်ပနေတဲ့ တစ်ခြားမျက်လုံးတစ်စုံနဲ့စုံသွားရသည်။

ရွှယ်လင် "......"

ချုံဟွေ့ "......."

အခုက သန်းခေါင်ကျော်နေပြီဖြစ်ပြီး အိမ်တော်ထဲကမီးတွေအကုန်လုံးလည်းငြိမ်းသွားပြီဖြစ်၏။ ဒီလိုမှောင်မည်းနေတဲ့အခန်းထဲ လူတစ်ယောက်ကမင်းအိပ်ရာဘေးမှာ ရုတ်တရက်ကြီးလာထိုင်နေသည်။ အကယ်၍ရွှယ်လင်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကကောင်းမနေခဲ့ရင် ညသန်းခေါင်မှာ တစ်ခြားသူတွေကိုခြောက်ဖို့ သရဲအဖြစ်ဟန်မဆောင်ခဲ့ဖူးဘူးဆိုရင်..ဒီအိမ်တော်ကြီးတစ်ခုလုံးကလူတွေ သူ့အော်သံကိုကြားပြီးနေလောက်လေပြီ။

ရွှယ်လင် ခဏလောက်ကြောင်သွား၏။ တစ်ဖက်လူရဲ့မျက်နှာက ဘာအမူအရာမှရှိမနေပေမဲ့လည်း ဒီမျက်နှာသေကြီးအောက်မှာ ရှက်ရွံ့မှုတွေရှိနေတယ်ဆိုတာတော့ သူနားလည်နိုင်သေးသည်။ အချိန်အတန်ကြာပြီးနောက်မှာတော့ သူ့နှာခေါင်းလေးသူထိပြီး ပြောလိုက်၏။
"စစ်သူကြီး ဒီလိုညလယ်ကြီးမှာဘာလို့များရောက်လာရတာလဲမသိဘူး ကိစ္စတစ်ခုခုများရှိလို့လား..."

ညမိုးချုပ်တဲ့အထိ ပုန်ကန်သူတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် မရပ်မနားဘဲပြန်လာခဲ့ပြီး သွေးတွေစိုရွှဲနေတဲ့ အဝတ်တွေကိုလဲကာ တစ်ဖက်သူကိုလာကြည့်ခြင်းဖြစ်၏။ ဒီလိုကိစ္စမျိုးက သေချာပေါက်ကိုချုံဟွေ့ရဲ့ပါးစပ်ကနေ ဘယ်တော့မှထွက်လာမှာမဟုတ်ပေ။ ဒါကြောင့် သူခဏလောက်တွေးနေပြီး ပြောလာသည်။
"ဒီနေ့ကိစ္စအတွက်....ကျေးဇူးတင်ပါတယ်"

ရွှယ်လင်က ဇာတ်ကြောင်းကိုသိထားတာကြောင့် ချုံဟွေ့ကို ပိုးသားအိတ်ကလေးတွေပို့ပေးပြီး ပုန်ကန်သူတွေရဲ့အစီအစဥ်များစွာကို ဖျက်စီးစေခဲ့ပြီး ချုံဟွေ့ရဲ့ရှုံးနိုင်ချေကို သိသိသာသာကို လျှော့ချပေးခဲ့သည်။

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now