Arc 2 _ ch-11

284 67 1
                                    

လူကတောင်းဆိုမှုပြုပေမဲ့ နတ်ဘုရားကပယ်ချလိုက်၏


Unicode

ဟိုတယ်မှာတော့ ရွှယ်လင် သူ့ဖျော်ဖြေမှုအတွက်ဝတ်ဆင်ထားတဲ့ဝတ်စုံကိုချွတ်ချလိုက်ပြီးရေချိုးလိုက်သည်။ ထို့နောက် အိပ်ယာပေါ်မှာလှဲချလိုက်ပြီး  အရင်ဘဝတုန်းကလိုဘဲအခုထိလည်း အလုပ်ရှုပ်နေဆဲဘဲဟု ခံစားလိုက်ရ၏။

"system ငါ့ရဲ့ချစ်ရတဲ့တူမလေးက အခုဘယ်နေရာမှာလည်းဆိုတာ မင်းရှာပေးနိုင်လား.."
သူတစ်ဖက်ကိုလှည့်ကာ system ကိုဆွဲယူလိုက်သည်။

"ငါ့မှာအရာအားလုံးကိုသိမြင်နေတဲ့ဉာဏ်မျက်စိမရှိဘူး.."
system ဆီကနေသနားစရာပွစိပွစိသံလေးထွက်လာ၏။
"ဒါပေမဲ့ ငါမင်းကို အချက်အလက်တစ်ချို့တော့ပေးနိုင်တယ်..ဒါဆို မင်းအမြန်ဆုံးနဲ့ယုံကြည်အားထားလို့ရတဲ့ စုံထောက်တစ်ယောက်ရှာလို့ရတယ်"

"ငါ့အတွက် သူ့ကိုဆက်သွယ်ပေး."
ရွှယ်လင်မြေခွေးလေးရဲ့ခေါင်းလေးကိုပွတ်လိုက်ပြီး သူ့ကိုကြားခံအဖြစ်အသုံးပြုနေ၏။
"မိန်းကလေးကိုအရင်ရှာပေး..မနက်ဖြန် ငါဆေးရုံကထွက်တာနဲ့ သူမလေးကိုသွားခေါ်မယ်"

ရွှယ်လင်ဘာလုပ်ချင်နေလဲဆိုတာ system မသိတော့ပေ။ သူအရမ်းစိတ်ရှုပ်ထွေးနေပြီး သူ့hostရဲ့ အတွေးတွေကိုလိုက်မမှီတော့..။
"host....မင်း ဘာလုပ်ဖို့စီစဥ်နေတာလဲ.."

"ဝမ်ရှုယွမ်က အရမ်းသနားစရာကောင်းတာဘဲ"
ရွှယ်လင်မှတ်ချက်ချလိုက်သည်။
"ပထမဆုံး သူ့မိဘတွေဆုံးပါးတယ်..နောက်တော့အမဖြစ်သူကပါဆုံးသွားတယ်..သူ့တူလေးကလည်း  စဥ်းစားဉာဏ်မရှိတဲ့သူအဖြစ်ပြောင်းသွားပြီး သူ့ရဲ့တူမလေးကလည်းသေသွားပြန်တယ်..။ နောက်ဆုံး သူလည်းသူတို့နောက်ကိုလိုက်ပြီး သေဆုံးသွားခဲ့တယ်..။ ငါဒီခန္ဓာကိုယ်ထဲဝင်လာတဲ့အချိန်မှာ သူ့မိဘတွေကိုမကယ်နိုင်ခဲ့ဘူး..ဒါကြောင့် သူ့ရဲ့ကျန်ရစ်တဲ့မိသားစုတွေကို ဒီလူယုတ်မာရဲ့ဘေးကနေ မြန်နိုင်သမျှမြန်မြန် အဝေးကိုပို့ထားဖို့ဘဲ ကြိုးစားရတော့မယ်.."

"ဒါတွေကိုဘယ်လိုလုပ်ဖို့စီစဥ်ထားတာလဲ"

"ဘာမှမခက်ခဲပါဘူး...သူ့အစ်မက သူ့တူအကြီးလေးနဲ့ထွက်သွားပြီလေ။ မနက်ဖြန် ငါတို့ရဲ့ရှယ်ယာတွေကိုရောင်း တူမလေးကိုသွားခေါ်ပြီးတာနဲ့ နိုင်ငံခြားကိုပြောင်းကြမယ်"

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now