Arc1 _ ch-3

422 86 1
                                    

<3> အာ မနာခံတဲ့အိမ်မွေးတိရိစ္ဆာန်လေးကစစ်သူကြီးကိုအနှောင့်အယှက်ဖြစ်စေမိပြီ

Unicode

မကြာခင်မှာဘဲ အင်ပါယာစာမေးပွဲဖြေဆိုချိန်ကျရောက်လာပြီး စာသင်သားအမျာအပြားက စာမေးပွဲခန်းမ အဝင်တံခါးနားမှာ လာရောက်စုစည်းနေကြသည်။ ရွှယ်လင်ရဲ့ တည်းခိုခန်းက စာမေးပွဲနေရာနဲ့မဝေးပေ..။ သူပြတင်းပေါက်ကိုမှီရပ်နေတဲ့အချိန်မှာ ရှောင်ချင်က သူ့ကိုဆွဲပြီး အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်ကို ကြည့်ဖို့ပြလာ၏။

အဆောက်အဦးတွေက မမြင့်တဲ့အပြင် ရွှယ်လင်ရဲ့ အမြင်အာရုံကလည်းစူးရှတာကြောင့် သူ ထိုလူငယ်လေးရဲ့ မျက်နှာကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။

တစ်ကယ်တမ်း ရုပ်ရည်အကြောင်းပြောကြမယ်ဆိုရင် သွမ့်ရွှီယန် ကလှပပြီးနူးညံ့တယ်လို့သာ သတ်မှတ်လို့ရပေမဲ့ သူက ထိုနေရာမှာ ဂုဏ်ယူစွာနဲ့ ဝါးပင်လို့ဖြောင့်တန်းနေအောင် ရပ်နေပြီး နှုတ်ခမ်းထောင့်တွေကလည်း အပြုံးတစ်ခုအဖြစ်အနည်းငယ် ကွေးတက်နေတာကြောင့် သူ့ကိုကြည့်လိုက်တဲ့အခါ လူတွေကို ခံစားချက်ကောင်းတွေ အလွယ်တကူ ဖြစ်ပေါ်လာစေသည်။ သူက ရယ်မောပြီး ပျော်ရွှင်ဆူညံနေတဲ့လူတစ်စုနဲ့ဝန်းရံခံထားရပြီး ဒီအတောအတွင်း အပတ်တကုတ်ကြိုးစားပြီး အဆက်အသွယ်တွေရထားတာကိုကြည့်ခြင်းအားဖြင့် သူက လူတွေနဲ့ ရောနှောတဲ့​​နေရာမှာ တစ်ကယ်တော်တာသိနိုင်သည်။

သူက အတွင်းစိတ်တွေကိုဘယ်တော့မှမဖော်ပြဘဲ အပေါ်ယံမှာတော့ အရမ်းကောင်းတဲ့ဘဝရှိတဲ့သူတစ်ယောက် ဒါမှမဟုတ် သူကဇာတ်လိုက်ဖြစ်သောကြောင့် သူများတွေနဲ့ အားထုတ်မှုတွေ ကံကောင်းမှုတွေက တူနေခဲ့ရင်တောင်မှ တစ်ခြားသူတွေထက် အမြဲတမ်းသာနေတတ်သည်။

ရှောင်ချင်ရဲ့ မျက်နှာက စိုးရိမ်သောကတွေနဲ့ ပြည့်နှက်နေ၏။ သူကအောက်ကိုဆင်းသွားပြီး သူ့ကိုသွားပြောဆိုချင်ပေမဲ့ ရွှယ်လင် ဆွဲထားတာခံလိုက်ရသည်။
"သခင်လေး..?"
ရှောင်ချင် နားမလည်နိုင်တော့ပေ။
"သူက ကောင်းကောင်းမွန်မွန်ဝတ်စားထားပြီး သူ့ဘေးမှာလည်းလူတွေအများကြီးဘဲ...။ ဒါတွေအကုန်လုံးက သခင်လေးပိုင်ဆိုင်ရမဲ့ဟာတွေလေ.."

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now