Arc1 _ ch-8

544 82 0
                                    

ကမ္ဘာတစ်ခုပြီးဆုံးပြီး နောက်ကမ္ဘာသို့ကူးပြောင်းခြင်း





Unicode



ချုံဟွေ့ ရွက်ဖျင်တဲထဲဝင်လာတဲ့အချိန်မှာသွေးနံ့က ပျောက်ကွယ်လုနီးပါးဖြစ်နေလေပြီ။ ဒါပေမဲ့ စစ်မြေပြင်မှာ နှစ်ပေါင်းများစွာတိုက်ခိုက်လာရတာကြောင့် သဘာဝကျစွာဘဲသူသွေးနံ့ကိုရလိုက်၏။ သူ့မျက်နှာချက်ချင်းကိုတင်းမာသွားပြီး ကုတင်ခေါင်းရင်းနားကသွေးစွန်းနေတဲ့ အဝတ်စကိုမြင်လိုက်ရတဲ့အခါမှာတော့ပိုဆိုးသွားလေသည်။

ရွှယ်လင် သူ့ကိုနှုတ်ဆက်လိုက်၏။
" ကျွန်တော်မနေ့ညက အကြံဉာဏ်တွေအများကြီးရလာတယ်..။ ဘယ်ဟာကပိုသင့်တော်မလဲဆိုတာ ကျွန်တော့်ကိုလာကူကြည့်ပေးပါဦး"

ချုံဟွေ့မျက်နှာမှာ ဘာအမူအရာမှမရှိတော့ပေ။
"နန်းတွင်းသမားတော်လင်းက မင်းမနေ့ညကနောက်ကျတဲ့အထိထပ်နေနေပြန်ပြီလို့ ကိုယ့်ကိုပြောတယ်"

ရွှယ်လင်ရယ်ပြလိုက်၏။
"ဟီးးးသူကလာတိုင်သွားတာလား..။ ဒီမနက်က ချောင်းလေးဆိုးပြီး သွေးအန်ရုံလေးဘဲမဟုတ်ဘူးလား..။ သူကျင့်သားရနေသင့်ပြီကို.."

"နည်းဗျူဟာတွေ ဘာတွေက အဓိကမကျဘူး...မင်းခန္ဓာကိုယ်ကပိုအရေးကြီးတယ်"
ချုံဟွေ့အလေးအနက်ပြောလိုက်သည်။

ဒီကောင်လေးကို ပထမဆုံးတွေ့တုန်းကဘယ်လိုပုံစံလဲဆိုတာ သူအခုထိမှတ်မိနေတုန်းဖြစ်သည်။ မျက်နှာလေးကပန်းရောင်သန်းနေပြီး သူ့ရဲ့မြေခွေးမျက်ဝန်းလေးတစ်စုံကတစ်လက်လက်တောက်ကနေကာ ဝတ်ထားတဲ့အနီရောင်ဝတ်စုံလေးနဲ့ လိုက်ဖက်ညီနေလေ၏။ သူရယ်လိုက်တဲ့အချိန်မှာတော့ ထက်မြက်ပြီးစွဲမက်ဖွယ်ရာကောင်းလေသည်။ သူစစ်မြေပြင်မှာရှိနေတဲ့အတောအတွင်းမှာ သာမန်မျက်စိနဲ့တောင်မြင်နိုင်လောက်တဲ့အထိ ကိုယ်အလေးချိန်တွေကျဆင်းသွားခဲ့သည်။ အခုတော့ အရင်တုန်းကလှပမှုရဲ့ခြေရာလက်ရာလေးတွေနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့မျက်ဝန်းတစ်စုံသာ သူ့ရဲ့အရင်တုန်းကလှပတဲ့မျက်နှာလေးပေါ်မှာမြင်တွေ့နိုင်တော့သည်။ သူ့နှုတ်ခမ်းတွေက အမြဲတမ်းဖြူဆုတ်နေပြီး သူမတ်တပ်ရပ်လိုက်တဲ့အခါမှာတော့ သူ့ပုံကလုံးဝကိုအရိုးပြိုင်းပြိုင်းဖြစ်နေလေ၏။ ဝတ်ရုံပေါ်ကနေတောင်သူ့ရဲ့အရိုးတွေကိုမြင်နေနိုင်ပြီး ရုတ်တရက်လေတိုက်လာတဲ့အခါ သူလေနဲ့များလွင့်ပါသွားမလားလို့တောင် လူတွေကိုစိုးရိမ်စိတ်ဝင်စေသည်။

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora