မင်းတို့ဒီလိုမျိုးကွေးသွားလို့တော့မဖြစ်ဘူးလေ
Unicode
system ကအပြင်ထွက်လာပြီး သူ့ကိုယ်သူပြသလာဖို့ သူ့ host ရဲ့ခေါ်ထုတ်ခံလိုက်ရတဲ့အကြောင်းကတော့ အပေါ်ထပ်ကနေပစ်ချခံရပြီး တစ်ယောက်သောစစ်သူကြီးရဲ့ ဂုတ်ကနေကိုင်ထားတာခံရဖို့ဘဲ ဖြစ်နေ၏။
"......."မိုးနတ်မင်းကြီရေ.....ဒီကမ္ဘာက ဒီထက်ရော ကောင်းနိုင်သေးရဲ့လား..။ system ကို ဒီလိုမျိုးမတရားအနိုင်ကျင့်တာ သူမိုးကြိုးပစ်ချခံရမှာမကြောက်ဖူးလားမသိဘူး....။
host ရေ...ငါမင်းကိုကောင်းကောင်းကြီးကိုသိသွားပြီ...မင်းကအရူးတစ်ယောက်ဘဲ...။
သူ့hostက ပါးကိုလက်လေးနဲ့ထောက်ကာ စစ်သူကြီးကိုငုံ့ကြည့်နေပြီး တောက်တောက်ပပကိုရယ်ပြနေသည်။
system ကတော့ထပ်ပြီးကြည့်ရှုနိုင်စွမ်းမရှိတော့ပေ..။ သူ့ hostကတော့ တာဝန်ပြီးမြောက်အောင်လုပ်ဖို့အတွက်နဲ့ ပျားရည်ထောင်ချောက်တွေကိုပါ ထုတ်သုံးနေလေပြီ။ ဒီ host နောက်ကိုစလိုက်ရတည်းက ဒီလိုမျိုးမြင့်မြတ်တဲ့ကိုယ်ကျင့်တရားဆိုတဲ့အရာတွေ သူ့ဆီမှာ မရှိဘူးလို့ ခံစားနေရသည်။
ကံကောင်းစွာဘဲ စစ်သူကြီးရဲ့ ကိုယ်ကျင့်တရားနဲ့ စိတ်အခြေအနေက အတော်လေးကိုကောင်းမွန်တည်ငြိမ်တယ်လို့ပြောလို့ရသည်။ အစောပိုင်းလေးကတင် စိတ်ပျံ့လွင့်သွားသော်လည်း လျှင်လျှင်မြန်မြန်ဘဲ ပြန်ထိန်းချုပ်နိုင်လိုက်သည်။ သူအရင်ဆုံးသူ့လက်ထဲက တုန်ရီနေတဲ့ မြေခွေးလေးကိုကြည့်လိုက်ပြီးနောက် ပြတင်းပေါက်ဘောင်က အနီရောင်ဝတ်စုံနဲ့ ကောင်လေးကိုကြည့်လိုက်၏။
ဒီနေ့ အင်ပါယာစာမေးပွဲကအောင်မြင်သူစာရင်းကို ထုတ်ပြန်ကြေငြာခဲ့ပြီး ဒီလိုဝတ်စားထားတဲ့သူက သေချာပေါက်ကို ကျွမ့်ယွမ် ဖြစ်ပေလိမ့်မည်။
အင်ပါယာစာမေးပွဲပြီးလျှင် နန်းတွင်းမှာဆုချီးမြင့်ပွဲ ကျင်းပလိမ့်မည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ပထမအဆင့်ကို ခန့်အပ်မှာဆိုပေမဲ့ ဘာအံ့သြစရာမှမရှိခဲ့ရင်တော့ ထိုနေရာက ဒီကျွမ့်ယွမ်အတွက်ဘဲ ဖြစ်လိမ့်မည်။
![](https://img.wattpad.com/cover/292913741-288-k39567.jpg)
YOU ARE READING
ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]
RomanceAuthor: 筱玄 Xiao Xuan I'm just translate this