Arc 2 _ ch-14

278 64 0
                                    

နောက်ဆုံးမှာသူတို့ပြန်လာကြမှာပါ

Unicode

တစ်ကယ်တော့ ရွှယ်လင်မှာဟိုးအစတည်းက အစီအစဥ်တစ်ခုရှိပြီးသားဖြစ်သည်။

သူ့အမြင်မှာတော့ နောက်ခံမရှိတဲ့လူတစ်ယောက်အတွက် လက်စားချေတာအောင်မြင်ဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်ပေ။ သူကတစ်ခြားကမ္ဘာတစ်ခုကလာခဲ့တာဆိုရင်တောင်မှ မှော်စွမ်းအားတွေသုံးလို့မရတဲ့ဒီလိုအခြေအနေကြီးမှာ သူ့မှာ system ရှိနေတာကလွဲရင် တစ်ခြားနေရာတွေမှာတော့ သူကသာမန်လူဘဲဖြစ်သည်။

သူ့နောက်ကွယ်မှာ သန်မာတဲ့အင်အားမရှိသေးရင် တစ်ခုခုလုပ်ဖို့ပြောလို့ရတဲ့အခြေအနေမရှိပေ။

အကယ်၍ သူသာဒီကမ္ဘာကိုစောစောရောက်လာခဲ့မယ်ဆိုရင် ဝမ်ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ကြိုးစားလို့ရသေးသည်။ ကံမကောင်းစွာနဲ့ဘဲ သူလာတာကနောက်ကျသွားခဲ့သည်။ သူ့မိဘတွေကလည်းဆုံးပါးသွားပြီး ဝမ်ရှုထင်းကလည်း ဒီကိစ္စတွေထဲတစ်ခါမှမပါဝင်ဖူးပေ။ တစ်ယောက်ယောက်ကသာသူ့အတွက် လမ်းမခင်းပေးဘူးဆိုရင် ဒီကုမ္ပဏီမပါဘဲနဲ့ ဇာတ်လိုက်တစ်ယောက်တည်းကိုသာ ဖျက်ဆီးပစ်ဖို့က သူ့အတွက်တော့အရမ်းခက်ခဲလေ၏။

ဒါကြောင့် သူနဲ့သူ့အစ်မရဲ့ရှယ်ယာတွေကိုရောင်းထုတ်ပြီးပိုက်ဆံနဲ့လဲခဲ့ကာ အစကနေပြန်တိုးတက်အောင်လုပ်နိုင်မဲ့အခွင့်အရေးရခဲ့တဲ့အတွက် သူအရမ်း ပျော်ရွှင်ကျေနပ်နေသည်။ ဒီအကြောင်းပြချက်ကြောင့် သူ့အစ်မနဲ့သူ့တူလေးကို နိုင်ငံခြားကိုခေါ်ထုတ်လာခဲ့တာဖြစ်သည်။

ဇာတ်လိုက်က အခုချိန်မှာအကျိုးကျေးဇူးများစွာရရှိနေတာကြောင့် သူ့ကိုခဏလောက်ရှောင်ရှားဖို့သာ ရွေးချယ်နိုင်သည်။ ရွှယ်လင် မလိုအပ်တဲ့စွန့်စားမှုတွေမလုပ်ချင်ပေ။

ဒီတိုင်းပြည်ကနေသူထွက်သွားတာနဲ့ သူ့မှာ အဆုံးမရှိတော့တဲ့အခွင့်အရေးများစွာရှိ၏။ နှစ်အနည်းငယ်အတွင်းမှာ ဘယ်သူကတစ်ကယ့်ကိုယ်စွမ်းကိုယ်စရှိသူလဲဆိုတာ ပြောဖို့ခက်သွားကြလိမ့်မည်။

နောက်တစ်နေ့မှသာ ဝမ်ရှုယွမ်ပျောက်နေမှန်း ရွှီရုန်ယိရှာတွေ့သွားခဲ့သည်။

ငါ့အမြှီးတွေပျောက်သွားပြီ [ဘာသာပြန်]Where stories live. Discover now