5(UC)

2K 90 0
                                    

At Bar,
.ဉာဏ်ဘုန်း မင်း တိမ်လွှာ့ကိုဖွင့်မပြောသေးဘူးလား...

~အတွေးပေါင်းသောင်းခြောက်နဲ့ခေါင်းခဲနေတဲ့ ဉာဏ်ဘုန်းတစ်ယောက် ကောင်းထက်ယံ စကားကြားလိုက်သောအခါ သောက်လက်စဝိုင်ခွက်အား ပြန်ချထားရင်း သက်ပြင်းရှည်တစ်ခုချမိလိုက်သည်။

.အင်း...ငါဖွင့်မပြောတော့ရင်ကောင်းမလားလို့ပါ...
.ဘယ်လို ဉာဏ်ဘုန်း မင်းပဲ တိမ်လွှာ့ကို ချစ်နေတာဆို ဘာလို့ဖွင့်မပြောချင်ရတာလဲ ငါတောင်မနေ့ကပဲ မြစိမ်း ကိုဖွင့်ပြောထားတယ် မင်းလဲပြောတော့လေကွာ တိမ်လွှာ့ကို ငါတို့ကျောင်းပြီးဖို့ကသိပ်မလိုတော့တာ...

~ကောင်းထက် ဘက်ကအားတက်သရောပြောနေသော်လဲ။

.ကောင်းထက် မင်းနဲ့ငါကသူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနော်...

~ဝိုင်းအစား ဝီစကီပြောင်းမှာရင်းပြောနေသော ဉာဏ်ဘုန်း။

.အင်း...ဟုတ်တယ်လေ မင်းနဲ့ငါနဲ့ကသူငယ်ချင်းအရင်းကြီးပဲ ပြီးတော့ မင်းညီမနဲ့ငါ့ညီမလေးကလဲငယ်ပေါင်းကြီးဖော်တွေပဲလေ...မင်းညီမလဲငါ့ညီမ ငါ့ညီမလဲမင်းညီမ ငါတို့ကမိသားစုလိုပဲဟာ...ဘာလဲပြဿနာတစ်ခုခုရှိနေလို့လား...

~ဉာဏ်ဘုန်းတစ်ယောက်မျက်နှာမကောင်းထဲကရိပ်မိနေတဲ့ကောင်းထက် စကားလမ်းကြောင်းဖောက်ပေးလာကာမှ။

.မင်းဘက်ကပွင့်လင်းမှတော့ငါလဲ အခုတလောခံစားနေရတာတွေရင်ဖွင့် ရတော့မယ်...အဟက်...

~ပြောရင်းသောက်ရင်း။

.ငါတို့ကညီကိုသံယောဇဉ်တွေနဲ့နေလာတာ ၁၅ နှစ်နီးပါးရှိနေပြီ မင်းငါ့ကိုမှရင်မဖွင့်ရင်ဘယ်သူ့ကိုသွားရင်ဖွင့်မလဲ...
.မင်းပြောတာမှန်တယ် ငါလဲတစ်ယောက်ယောက်ကိုမှရင်မဖွင့်ရရင် ငါ့ဒီရင်ဘက်ကြီးထဲမှာတစ်စို့နေတဲ့အစိုင်အခဲကြီးကတစ်ဖြည်းဖြည်းကြီးလာမှာ...
.ဒီလောက်ဆို ငါသဘောပေါက်ပြီ...ကဲပါ ပြောပါအုန်းမင်းဒီတစ်လော စိတ်ညစ်နေတဲ့အကြောင်းကို...

~အဲ့တော့မှသက်ပြင်းရှည်တစ်ခုချရင်းနဲ့။

.ငါ့ညီမလေး...ငယ်လေးမှာ ချစ်ရတဲ့သူရှိနေတယ် ကောင်းထက်ရ...
.ဟင်...ငယ်လေး မှာချစ်ရတဲ့သူရှိတာနဲ့ပဲမင်းစိတ်ညစ်တာနဲ့သိပ်မဆိုင်ဘူး လို့ငါထင်တယ်...
.ဟုတ်တယ် သူ့မှာချစ်ရတဲ့သူရှိတာမဆန်းပါဘူး သူလဲအသက်ပြည့်ပြီးသားသူတစ်ယောက်ပဲ ဒါမဲ့အဲ့ဒီသူကဘယ်သူလဲမင်းသိလား...
.ဘာလဲ...မင်းတို့နဲ့အသိုင်းအဝိုင်းမတူတဲ့ထဲကမို့လို့လား...

❦ The Law Of Love ❦ [Completed-1]Where stories live. Discover now