Ending ♡ (UC)

5.6K 142 6
                                    

~နှိုင်း ထွက်သွားတာ ၁ နှစ်နီးပါး ဖြစ်သွားသော်လဲ မှူးသခင်ကတော့ နှိုင်းမရ ပြန်လာမဲ့ရက်ကိုစောင့်နေဆဲပါ...တိမ်လှွာကပြောချင်ပေမဲ့ နှိုင်းရဲ့ဆန္ဒကိုလိုက်ရောပြီး ဘာကိုမှ ဂဂနန ဖွင့်မပြောကြ...

မှူး ဆိုသည်မှာလဲ တိမ်လွှာ တို့အိမ်ကို အချိန်ရရင်ရသလို နှိုင်း အကြောင်းသိရလေမလားဆိုပြီးလာနေတာလဲ တော်တော်ကြာနေပါပြီ ကြာတော့ မှူးသခင်ကို သနားကြတာပေါ့..

အကိုဖြစ်သူ ဉာဏ်ဘုန်းက ညီမဖြစ်တဲ့ငယ်လေး ခံစားနေရတာလဲမမြင်ချင်တော့...ညီမဖြစ်သူ ထွက်သွားတာတောင် တစ်ရက်မပျက်ပဲ ညီမဖြစ်သူကိုစောင့်နေတဲ့ မှူးသခင် ရဲ့အဖြစ်ကိုလဲ မမြင်စေချင်တော့တဲ့အတွက်...ညီမဖြစ်သူရဲ့အလိုကိုမလိုက်တော့ပဲ...

.ကို ဒီနေ့မင်းကိုအခုလိုခေါ်တွေ့ရတာက မင်းကို ငယ်လေးအကြောင်းပြောချင်လို့ပါ...

~အကိုဖြစ်သူကြားထဲကနေ ညီမဖြစ်သူမုန်းချင်လဲမုန်းပါစေ ဆိုပြီး မှူးသခင် ကိုအကြောင်းစုံပြောပြရန် နှစ်ယောက်ထဲသီးသန့်တွေ့နေကျပါတယ်...

.'မ' အကြောင်း ဟုတ်လား ဒါဆိုပြောပြပါနော် မှူး မှူးကို သူ့အကြောင်းနဲနဲလေးဖြစ်ဖြစ်ပြောပြရရင်တောင်မှူးကျေနပ်ပါတယ်.

~ဉာဏ်ဘုန်း စိတ်ထဲမှာတော့ ချစ်လဲချစ်နိုင်တဲ့၂ယောက်ပဲ လို့တွေးနေမှာပဲ တစ်ယောက်က သူ့ကြောင့် ချစ်ရတဲ့သူထက်ပြီးမထိခိုက်စေချင်တော့လို ထွက်သွားတာ နောက်တစ်ယောက်ကျတော့ သူဘယ်လောက်ပဲထိခိုက်ခံစားနေရပါစေ မီးထဲတိုးမဲ့ ပိုးဖလံ လိုမျိုး...ဆိုတော့ ကံကြမ္မာ ကိုပဲယုံကြည်ရတော့မယ် လို့တွေးထားလေရဲ့...

အခုလက်ရှိ မှူးသခင် ရဲ့ပုံစံက နှိုင်းအကြောင်းကြားမှ စားဝင်အိပ်ပျော်မဲ့ပုံ မျက်ကွင်းတွေလဲချိုင့်လို့ လူကအရင်ကပိန်ပါတယ်ဆို အခုက ပိုပိန်သွားသလိုမျိုး...ဉာဏ်ဘုန်း က နှိုင်းအကြောင်းပြောမယ်လဲဆိုရော ရှိသမျှအလုပ်တွေအကုန်ပစ်ထားခဲ့ပြီး အပြေးရောက်လာတာ...

.ကို ပထမဆုံးအနေနဲ့ မင်းကိုတောင်းပန်ပါရစေ ကို့ညီမလေးအစားပေါ့.
.ဘာ..ဘာကိုဆိုလိုချင်တာလဲဟင်...
.ငယ်လေး...ငယ်လေး...နိုင်ငံခြားထွက်သွားတယ်ဆိုတာ အဲ့တာမင်းကို သူလိမ်ပြောခဲ့တာ...

❦ The Law Of Love ❦ [Completed-1]Tahanan ng mga kuwento. Tumuklas ngayon