7 Year later~~~
~ရန်ကုန်ဆေးရုံခွဲစိတ်ဌာနတစ်ခု၌...%
.ဟဲ့နင်တို့စားတာတွေမြန်မြန်သိမ်းကျ ဟိုမှာဒေါက်တာ နှိုင်းမရ လာနေပြီ တော်ကြာမိသွားရင် Night duty ဆင်းနေရမယ်...
.ဟုတ်ကဲ့ပါဒေါက်တာရယ် ညီမတို့က ဗိုက်လေးနဲနဲဆာလို့စားမိတာပါ...
.နင့်ဟာနင်စားတာမစားတာအရေးမကြီးဘူး တော်ကြာသူမိသွားရင် အဖွဲ့ခေါင်းဆောင်ဘယ်သူလဲဆိုငါ့ခေါင်းပေါ်ကျမှာ...
.ဟုတ်ပါပြီဆိုဒေါက်တာ မိုးဝဿန်ရယ် ဆင်ခြင်ပါ့မယ်တကထဲ မိန်းမကြီးကျနေတာပဲ...!~အဲ့လိုပြောတော့မှဆွေ့ဆွေ့ခုန်သွားသော မိုးဝဿန်။
doctor နှိုင်းမရ...နှိုင်းဆိုတာဒီလိုမျိုးပဲလေ လွန်ခဲ့တဲ့ ၇ နှစ်ထဲကပြောင်းလဲသွားတာ...ဆေးကျောင်းတက်နေတုန်းကလဲ တစ်ချို့သူတွေပြောတာ အပြုံးအရီမရှိတဲ့သူတဲ့...
မဟုတ်ပါဘူး...ပြုံးတက်ပါတယ်ရီတက်ပါတယ်...အခုနောက်ပိုင်းသူပြန်ပြီးပြုံးလာပါတယ် ပါးချိုင့်လေးတွေထင်းနေအောင်ပေါ့...
.ဒီနေ့ meeting ရှိတာသိတယ်နော်...
~ဇီးကွက်မျက်မှန်ပုံစံလေးကိုတက်လို့ အမြင်သင့်တဲ့ခေတ်ဆန်ဆန်မြန်မာဝတ်စုံလေးနဲ့ လူကြီးပုံစံဖမ်းနေတဲ့ နှိုင်း ဂျူတီcoat လေးလက်မှာချိတ်လို့...တကယ့်ကိုရိုးရိုးလေးနဲ့ယဉ်ယဉ်လေး
.နောက်ပြီး ဒီနေ့ meeting မှာ နိုင်ငံခြားကို ပညာတော်သင်သွားရမဲ့ သူကိုကြေညာပေးမယ်လို့ပြောတယ်...
.ဟုတ်ကဲ့ မမနှိုင်း...
.ဒါနဲ့ မမနှိုင်း Golden Star Com. နဲ့တွဲလုပ်ထားတဲ့ Project ကို မမနှိုင်းနဲ့ မမမိုးစက် တာဝန်ယူမယ်လို့ကြားတယ်...
.ဟုတ်တယ်...ဆေးရုံအုပ်ပြောတာမမလဲသိပြီးပြီ...
.ဟဲဟဲ...ဒါဆို ကျွန်တော်တို့စားရတော့မှာတော့နော်...တာဝန်ခံဖြစ်တဲ့အထိန်းအမှတ်လေးနဲ့...
.ဟုတ်ပါပြီ...နှိုင်း ..မိုးစက်နဲ့တိုင်ပင်ပြီးမင်းတို့အတွက်စီစဉ်ပေးပါ့မယ်...
.ရေး....ဒါမှ မမနှိုင်းကွ...~ချစ်ကြောက်ရိုသေ ဂျူနီယာလေးတွေရဲ့ အသဲစွဲ မမ နှိုင်းမရ...
Golden Star Com. ရဲ့ CEO ရုံးခန်းအတွင်းမှာတော့...
.Boss ဒီတစ်ခေါက် project ကို ဆေးရုံနဲ့ပေါင်းလုပ်တဲ့အပိုင်းမှာ တာဝန်ခံက accident တစ်ခုကြောင့်လုပ်ဆောင်လို့မရတော့တာ အဲ့တာတာဝန်ခံအသစ်တစ်ယောက်ထပ်ပြောင်းရပါမယ်...
.အင်း...အဲ့တာကြောင့် တာဝန်ခံအသစ်ကို ရာထားပြီးပါပြီ ဒီနေ့ သူ Singapore ကနေပြန်လာပါလိမ့်မယ်...
.ရှင်...ဒါဆို မမလေး လား...
.ဟားဟား...ဟုတ်ပါ့ဗျာ...မမြတ်ကတော့ တွေးကြည့်လိုက်တာနဲ့ အဖြေကိုသိနေတော့တာပဲ...
.ဒါကတော့ boss လိုတိကျသေချာတဲ့သူစီကရလာတဲ့ အတွေ့အကြုံပါ... ဒါနဲ့ မမလေးကိုသွားမကြိုရဘူးလား...
.သူကတော့မလိုဘူးလို့ပြောတယ် ညီစေ လဲပါတာကို သူတို့ဘာသာ လာခဲ့မယ်တဲ့...
.ဟုတ် ဒါဆို မနတ်ဖြန် ၁၂ နာရီလောက်မှာ တာဝန်ခံအသစ်အတွက် meeting လုပ်ဖို့ စီစဉ်လိုက်ပါ့မယ်...
.ကောင်းပါပြီ...
![](https://img.wattpad.com/cover/161027430-288-k915045.jpg)
KAMU SEDANG MEMBACA
❦ The Law Of Love ❦ [Completed-1]
RomansaG x G (OC) ~Romance~ About - Forgive you!