~ပုဂံသို့အလည်ရောက်နေတဲ့မိုးစက်...
.Hello...နှိုင်း...
.အင်း...မိုးစက်ပြော(အိပ်ချက်မူးတူးအသံနဲ့ နှိုင်း)...~ခရီးတစ်ခုခုသွားရင် နှစ်ယောက်အတူသွားနေကျပေမဲ့ ဒီတစ်ခေါက်သွားခါနီး နှိုင်းဖျားနေတော့ အတူမသွားဖြစ်တော့ဘူးလေ...
.နှိုင်း...နင်အိပ်ယာမထသေးဘူးလား....
.အဟက်...မိုးစက် နင်ဖုန်းဆက်တဲ့အချိန်လဲကြည့်အုန်း အခုမှဘယ်နှစ်နာရီရှိသေးလို့လဲ ငါဘယ်တုန်းကဒီချိန်ထဖူးလဲ....~ဟုတ်ပါပေါ့ မိုးစက် ဖုန်းဆက်တဲ့အချိန်က မနတ် ၅ နာရီ နှိုင်းမရတို့ အိပ်ယာထချိန်က ၈ နာရီမှ...မိန်းခလေးပီပီသသပဲအိပ်တာ...
.ဟုတ်ပါတယ်ငါမှားတာပါ ငါ့မှာတော့ငါ့သူငယ်ချင်းလေးဖျားနေလို့မလိုက်နိုင်တဲ့ပုဂံကိုတစ်ယောက်ထဲ လာပြီးသတိရလို့ဖုန်းဆက်တာကို...
.ဟားဟားးး...ဘယ်ကိုတစ်ယောက်ထဲလဲ နင့်မိသားစုနဲ့သွားတာကိုများ.
.ဟက်...မိသားစုမိသားစုလေ သွားတူလာတူစားတူ ဖြစ်တဲ့ နင်မပါလို့ပြောတာ နင်မပါတော့ ငါ့ကိုဓာက်ပုံရိုက်ပေးမဲ့သူလဲမရှိဘူး ငါနဲ့အစားလုစားမဲ့သူလဲမရှိဘူး TV လုကြည့်မဲ့သူလဲမရှိဘူး နောက်ဆုံး ရေကူးကန်မှာရေကူးရင်တောင်လိုက်နှောက်ယှက်မဲ့သူလဲမရှိဘူးဟ...~ရန်ဖြစ်လိုက်ပြန်တည့်လိုက်သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်စရာအပြုအမှုလေးတွေကိုမိုးစက်ကပြန်ပြောတော့ ပြုံးမိသွားတာ နှိုင်း ပါ...
.အမလေးတော်ပါတော့ မိုးစက်ရယ် အေးပါအေးပါသတိရပါတယ်ငါလဲ အဲ့လောက်ကြီးမပြောပါနဲ့...
.ဟီးဟီး...နှိုင်းလေးကလဲ ငါကချစ်လို့ပါ...
.နင့်အကိုမပါတော့နင်နဲ့ရန်ဖြစ်မဲ့သူမရှိဘူးဆိုတော့ငါ့ကိုသတိရတာ မဟုတ်လား...
.ဟဲဟဲ...သိသားသွားလား...
.မိုးစက်အစုတ်ပလုပ်မ နင်ရန်ကုန်ပြန်ရောက်ရင်သေဖို့သာပြင်ထား နောက်ပြီးအခု ပုဂံ ကနေ ငါ့အတွက်လက်ဆောင်တွေဝယ်ဖို့ ပိုက်ဆံအလုံအလောက်ပါရဲ့လား...~လက်ဆောက်ဆိုတာတခြားတော့မဟုတ် နှိုင်းနဲ့မိုးစက်က အစားသမားလေ ပျော်လဲစားတယ် မပျော်လဲစားတယ် ဝမ်းနဲလဲစားတယ် စိတ်ညစ်နေလဲမုန့်စားတယ် အဲ့တော့ နှိုင်းက သူ့အတွက်ဘာဝယ်လာမယ် ဆိုတာသိပြီးသား...