At Mr.Guitar,
~မှုးသခင်ရဲ့ ၂၃ နှစ်မြောက်မွေးနေ့ဖြစ်တဲ့အတွက် သူငယ်ချင်းတွေရယ် နှိုင်းမရ တို့ရယ်နဲ့ Birthday Party လုပ်နေကျတာ အဲ့ဒီမှာ မိုးစက်ကနေပြီး....ဟဲ့ နှိုင်း...နင်လဲ မှူး အတွက် မွေးနေ့လက်ဆောင်သီချင်းလေးဘာလေး ဆိုပေးလိုက်ပါ့လား...
.ဟာ...မိုးစက် နင်လူကြားထဲငါ့ကိုအရှက်မခွဲနဲ့ ငါမဆိုနိုင်ဘူး ဟွန့်...~သီချင်းဆိုရမှာရှက်နေတဲ့ နှိုင်း အဲ့တော့မှ နှိုင်း သီချင်းဆိုတက်တာကို အံသြနေတဲ့ မှူးက...
.အမ်...မ က သီချင်းဆိုတက်တယ် ဟုတ်လား...
~မျက်မှောက်ကြီးကုတ်ပြီးမေးနေတဲ့ မှူး စိတ်ဆိုးလဲစိတ်ဆိုးချင်စရာလေ အရင်က သူ သီချင်းဆိုပြလို့ပြောရင် အကြောင်းတစ်ခုမဟုတ်တစ်ခုရှာပြီး ရှောင်ရှောင်ထွက်သွားတာကို အဲ့တော့စိတ်ဆိုးပြီပေါ့ အဲ့တော့မှ စပ်ဖြဲဖြဲနဲ့မျက်နှာချိုတွေသွေးပြီးတော့...
.ဟီး...သခင် ကလဲ မ က ဆိုတော့ဆိုတက်ပါတယ်အသံမကောင်းလို့ပါ သခင်ကလဲ ဟီး...
~ကြားကနေမြောက်ထိုးပင့်ကော်မ မိုးစက်ကထပ်ပြီး...
.ဘာကိုအသံမကောင်းတာလဲ နှိုင်း ငါနဲ့နင်သင်တန်းတောင်အတူတူတက်ထားခဲ့ဖူးတာကို နင်ပဲအဲ့တုန်းက...
~မိုးစက်ဆက်ပြောလာမဲ့အကြောင်းတွေကိုသိတဲ့ နှိုင်းကတော့ ကြိုတင်လက်ဦးမှုယူပြီး မိုးစက်ပါးစပ်ထဲ မုန့်တွေသွတ်သွင်းလေရဲ့(သနားစရာမိုးစက်လေး) ကြားကမှူးကတော့ နှိုင်းကိုတလှည့်မိုးစက်ကိုတလှည့်အလိုမကျတဲ့မျက်နှာနဲ့ပေါ့...အဲ့တော့မှ သူ့ချစ်သူကိုအပြီအပြင်အစားနဲ့နှိတ်ဆက်နေတာကိုမြင်မှ ညီစေထူးတစ်ယောက်ဝင်တားရမှန်းသိပါတော့တယ် အစကတော့ သူလဲ ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာကို...
.yrrrr....နှိုင်းစုတ်နှိုင်းပဲ့...
.တော်ကြပါတော့ မမ တို့ရယ် ဒီမှာ ကျွန်တော့ မမ နင်ကုန်ပြီ ဟက် ငမှူး နင့်မမ နင်ကြည့်ထိန်း ဒီမှာ ငါ့မမကိုလုပ်နေတာမြင်လား...~မိုးစက်ပါးစပ်မှာပေသွားတဲ့မုန့်တွေကိုသုတ်ပေးရင်းပြောလာတဲ့ညီစေ မှူးကတော့ ဝင်ကိုမပြောတော့တာပါ စိတ်ကောက်သွားပြီလေဟိုက အဲ့တော့မှ မှူးသခင်စိတ်ကောက်နေပြီဆိုတာသိတဲ့နှိုင်းကနေပြီး...