TainLwar's POV
*အခုလက်ရှိခံစားချက်ကြီးကို စိမ်း ကိုပြောပြလိုက်တာ စိတ်ထဲမှာ ပေါ့သွားသလိုပဲ...အဟက်...အဲ့လိုမှန်းသိရင် ငါအစထဲက စိမ်းကိုဖွင့်ပြောပါတယ်...စိမ်းပြောသလို ငါ့ခံစားချက်နောက်ကိုလိုက်ပြီး ဆုံးဖြတ်တဲ့အခါငါကောရလာမဲ့အဖြေပေါ်ကျေနပ်မှုရှိလာမှာလား...ဟင်း.. ခတ်လိုက်တာ စာတွေကတောင်အခုလက်ရှိပုစ္ဆာထက်ပိုလွယ်နေသလို ဒီပုံစံဒီ formal အတိုင်းသွားတာမဟုတ်ပဲ လူဆိုတာမျိုးက တစ်ခါတစ်လေ စူးစမ်းလေ့လာပြီး အသစ်အဆန်းတွေလုပ်သင့်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာပဲ ငါကကောအခုဒီသာမာန်မဟုတ်တဲ့ ပုံစံကိုဆက်ပြီးကြိုးစားသင့်လား နောက်ပိုင်းကျဒီအခြေအနေကို ခံနိုင်ရည်ရှိမှာတဲ့လား သူကကော ငါ့လိုမျိုးခံစားချက်မျိုးမရှိဘူးလို့ မပြောနိုင်ဘူး သူလဲငါ့လိုမျိုးဖစ်နေတာဆိုရင်ကော ငါက၀မ်းသာရမှာလား
စိမ်းရေ နင်ပြောတုန်းကလွယ်တယ်ဟ အခုတော့ငါကလက်တွေဦးနှောက် ခြောက်နေပြီ ဘာလို့များ တစ်ခြားတစ်ယောက်မဟုတ်ပဲသူနဲ့ကျမှလဲ သေချာတဲ့တနေ့မှာတော့အရင်းဆုံးအဖြတစ်ခုထွက်လာဖို့မျော်လင့်မိတယ် အခုတော့စိမ်းပြောသလိုနေမြဲအတိုင်းနေပြီးပုံမှန်လေးနဲ့သိအောင်လုပ်ရ တော့မှာပေါ့ ဖိုက်တင်း တိမ်လွှာ..နင်လုပ်နိုင်တယ် ကြိုးစားယုံလေးပဲ နောက်ပိုင်းခံနိုင်ရည်မရှိမှသာလက်လျော့လိုက် အခုတော့လက်မလျော့နဲ့ You can do it*~ကျောင်းမှာစိမ်းနဲ့ပြောလာတဲ့စကားတွေကိုပြန်တွေးရင်း အိမ်ရောက်လာထဲကငိုင်နေတဲ့ တိမ်လွှာ့ ကိုကြည့်ပြီးတော့....
.သမီးလေးတိမ်လွှာ..
~အမေဖြစ်သူရဲ့ခေါ်သံကြားမှအတွေးကမ္ဘာကနေလက်ရှိကမ္ဘာပြန်ရောက်လာတော့....
.ရှင်...ရှင်..မေကြီး...မေကြီးဘာခိုင်းစရာရှိလို့လဲဟင်..
~ဒီလောက်ဆိုအမေဖြစ်သူရိပ်မိပြီလေ သူ့သမီးတစ်ခုခုဖြစ်နေပြီဆိုတာ.