9(UC)

2K 80 0
                                    

~နှိုင်းမရ အိပ်ယာကနိုးတော့...သူသိတာ အဝတ်အစားမရှိတဲ့ သူခန္ဒာကိုယ်...ပြီးမှသတိရလိုက်တာ ညကအဖြစ်အပျက် တစ်ခုချင်းစီ...

ပြန်တွေးရင်း ငိုချင်စိတ်တွေတစ်ဖွားဖွားပေါ်လာ ဒါပေမဲ့အသံထွက်မငိုပဲ ပါးစပ်ကိုလက်နဲ့ပိတ်ရင်း ဘေးက ဖတ်ထားတဲ့သူကိုဖယ်လိုက်ပြီး ဘေးကဖုန်းနဲ့တစ်နေရာကိုလှန်းဆက်လိုက်ပါတယ်...

ပြီးတော့...ရေးချိုးခန်းထဲပြေးဝင်ပြီးအခန်းထဲရောက်မှ ရေပန်းဖွင့်ချကာ ရေပန်းငိုနေတဲ့ သူမ...

အိပ်ယာပေါ်က မှူးသခင်ကတော့ ရေသံတွေကြောင့်နိုးလာပြီး...သူဘယ်ရောက်နေတာလဲအရင်စဉ်းစား ပြီးမှ သူ့ကိုယ်ပါ်မှာအဝတ်မရှိမှ ညကနှိုင်းနဲ့သူ့ရဲ့အကြောင်းကိုပြန်တွေးမိ...တချက်ပြုံးလိုက်မိပါတယ်...

ရေချိုးခန်းထဲဝင်သွားတာတော်တော်ကြာနေပြီ အခုချိန်ထိထွက်မလာသေးတဲ့ နှိုင်းမရကိုစိတ်ပူကာ ခုတင်ဘေးကမှန်တင်ခုံမှာတင်ထားတဲ့ bathrobe ကိုဝတ်ကာ ရေချိုးခန်းတံခါးသွားခေါက်တော့...

.မ...မ...ဘာလုပ်နေတာလဲ...ရေချိုးခန်းထဲဝင်သွားတာကြာနေပြီနော်...

~အဲ့တော့မှ bathrobe လေးဝတ်ကာထွက်လာတဲ့ နှိုင်း ်လောက်တောင်ငိုထားလဲမသိ မျက်လုံးတွေဆို ရဲလို့...

မှူးက မျက်ရည်တွေသုပ်ပေးဖို့ လက်လှမ်းလိုက်ပေမဲ့ နှိုင်းရဲ့ဖယ်ထုတ်ချင်းကိုခံလိုက်ရတယ်...

.မ...ရယ်..မငိုပါနဲ့နော် မှူးက မ..ကိုချစ်လွန်းလို့ဖြစ်သွားတာပါ...
.နင်ငါ့ကိုချစ်တယ်ဆိုတာ ဒီလို အနိုင်နဲ့ပိုင်းပို့လား မှူးသခင် အမ်...

~နှိုင်း စိတ်တိုတိုနဲ့အော်ပြောလိုက်တော့ မှူးကလဲ ဘယ်သူ့မှသူ့ကိုအော်ဖူးတာမဟုတ် မိဘတွေကတောင်ဖူးဖူးမှုတ်ထားတဲ့ သူ့ကို နှိုင်းကအော်ပြောလာလေတော့...

.မ...မှူးကိုအဲ့လိုမပြောနဲ့နော်...မ..က တစ်ခြားသူနဲ့လက်ချင်းချိတ် မျက်နှာကပြုံးပျော်နေတာလေ အဲ့တာကို ဘယ်လိုခံစားချက်မျိုးနဲ့ ကြည့်နေရမှာလဲ...
.ဘာတွေပြောနေတာလဲ ဘယ်ကတစ်ခြားသူလဲ...
.မ..နဲ့ညက ပွဲကိုအတူတူတက်လာတဲ့လူလေ မနေ့ကနေ့လည်လောက်က မှူးညစာဖိတ်ကျွေးမယ်ဆိုတော့ ကိုကိုနဲ့ချိန်းထားတာရှိလို့မအားဘူးတဲ့ ညလဲရောက်ကောတွေ့လိုက်ရတာ တစ်ခြားကောင်တစ်ကောင်ရဲ့ရင်ခွင်ထဲမှာ ဘာလဲအဲ့တာ မ...ပြောခဲ့တဲ့ ကိုကိုဆိုတဲ့ကောင်လား...သူက မှူးထက်ဘာတွေသာနေလို့လဲ ဘာလဲယောက်ျားလေးဖြစ်နေလို့လား...ဟမ်..မ..ပြောပါ...

❦ The Law Of Love ❦ [Completed-1]Dove le storie prendono vita. Scoprilo ora