6(UC)

1.8K 88 1
                                    

~တိမ်လွှာနဲ့မြစိမ်း ကျောင်းကအပြန် ကန်တော်ကြီးထဲက မုန့်ဆိုင်တစ်ဆိုင်မှာထိုင်ရင်း။

.ငါဘယ်လိုလုပ်ရမလဲ စိမ်း...
.ဘာကိုဘယ်လိုလုပ်ရမလဲကိုပြောတာလဲ တိမ်လွှာ...
.ငါ့ကို အိမ်က ဉာဏ်ဘုန်း နဲ့ နေရာချပေးတော့မယ်တဲ့...

~အေးဆေးတည်ငြိမ်တဲ့အမူရာနဲ့ပဲ...စိမ်း..က...

.တစ်နေ့အဲ့လိုဖြစ်တော့မယ်ဆိုတာငါသိသားပဲ အဲ့တော့နင်ဘက်ကကော ဘယ်လိုသဘောထားလဲ ဉာဏ်ဘုန်းပေါ်မှာ...
.နင်ဘာကိုဆိုလိုချင်တာလဲ သူငယ်ချင်းလိုသဘောထားကိုပြောတာလား အိမ်ထောက်ဘက်အနေနဲ့သဘောထားကိုပြောတာလား...
.ငါမေးတာ နောက်ကတစ်ခုဆိုတာနင်လဲသဘောပေါက်မှာပါ တိမ်လွှာ...

~တဖြည်းဖြည်းအေးဆက်လာသောပတ်ဝန်းကျင်နဲ့စကားဝိုင်း...

.ငါ...ငါမပြောတက်ဘူး စိမ်း အခုချိန်ငါဘယ်လိုခံစားနေရလဲဆိုတာကို...
.နင့် ကိုငါရင်တစ်ခါကပြောဖူးပါတယ် နင့်ခံစားချက်နောက်ကိုလိုက်ပါလို့ ပြီးတော့အခုကိစ္စက နင့်တစ်ဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စပါ နင့်မိဘတွေသဘောထားတစ်ခုထဲနဲ့တော့နင့်ကိုမဆုံးဖြတ်စေချင်ဘူး...
.နင်လဲသိပါတယ် ငါကသာမန်မဟုတ်တဲ့ရင်ခုန်မှုနဲ့စခဲ့ရတာပါ ပြီးတော့အဲ့လို ရင်ခုန်တာနဲ့ပဲ ငါ့ဘ၀ ငါ့မိဘတွေသိက္ခာ အဲ့တာတွေနဲ့လဲရလောက်အောင်ငါဖေဖေမေမေတို့အတွက်သမီးဆိုး မဖြစ်စေချင်ဘူး...
.ငါနားလည်နိုင်ပါတယ် နင့်ခံစားချက်ကို ဒါမဲ့...

~ပြောတဲ့စကားတောင်မဆုံးသေးဘူး တိမ်လွှာကနေပြီးတော့...

.စိမ်း...ငါလေအချိန်ထိငါဘယ်သူ့ကိုမှမချစ်ဖူးသေးဘူး စိတ်ဝင်စားတာကတစ်ပိုင်းပေါ့ ပြီးတော့ ငါချစ်ရမှာလဲကြောက်တယ် နောက်ပြီး သူတို့နှစ်ယောက်လုံးကိုလဲငါ့ကြောင့်တစ်ခုခုဖြစ်ကျမှာဆိုးတယ် ဖေဖေမေမေတိုကိုလဲမျက်နှာမပျက်စေချင်ဘူး အခုချိန်မှာ ငါ့ဘဝအတွက်ကို စိတ်ထဲရှိတဲ့အတိုင်းမလုပ်ပဲ ဦးနှောက်နဲ့သေချာဆုံးဖြတ်ရမယ် လို့ငါထင်တယ် စိမ်း...
.ဟူးးး....ဒါကတော့နင့်သဘောပါ နင့်ကိုစဉ်းစားပါအုန်းလို့မပြောချင်ပေမဲ့ နင်ပျော်မယ် နင်အဆင်ပြေမယ်ထင်လို့လုပ်ရင် နင့်ဘက်မှာဘယ်သူ့မှမရှိရင်တောင် ငါရှိတယ် တိမ်လွှာ...

❦ The Law Of Love ❦ [Completed-1]Dove le storie prendono vita. Scoprilo ora