7 Year later~~~
~ရန်ကုန်ဆေးရုံခွဲစိတ်ဌာနတစ်ခု၌...%
.ဟဲ့နင်တို့စားတာတွေမြန်မြန်သိမ်းကျ ဟိုမှာဒေါက်တာ နှိုင်းမရ လာနေပြီ တော်ကြာမိသွားရင် Night duty ဆင်းနေရမယ်...
.ဟုတ်ကဲ့ပါဒေါက်တာရယ် ညီမတို့က ဗိုက်လေးနဲနဲဆာလို့စားမိတာပါ...
.နင့်ဟာနင်စားတာမစားတာအရေးမကြီးဘူး တော်ကြာသူမိသွားရင် အဖွဲ့ခေါင်းဆောင်ဘယ်သူလဲဆိုငါ့ခေါင်းပေါ်ကျမှာ...
.ဟုတ်ပါပြီဆိုဒေါက်တာ မိုးဝဿန်ရယ် ဆင်ခြင်ပါ့မယ်တကထဲ မိန်းမကြီးကျနေတာပဲ...!~အဲ့လိုပြောတော့မှဆွေ့ဆွေ့ခုန်သွားသော မိုးဝဿန်။
doctor နှိုင်းမရ...နှိုင်းဆိုတာဒီလိုမျိုးပဲလေ လွန်ခဲ့တဲ့ ၇ နှစ်ထဲကပြောင်းလဲသွားတာ...ဆေးကျောင်းတက်နေတုန်းကလဲ တစ်ချို့သူတွေပြောတာ အပြုံးအရီမရှိတဲ့သူတဲ့...မဟုတ်ပါဘူး...ပြုံးတက်ပါတယ်ရီတက်ပါတယ်...အခုနောက်ပိုင်းသူပြန်ပြီးပြုံးလာပါတယ် ပါးချိုင့်လေးတွေထင်းနေအောင်ပေါ့...
.ဒီနေ့ meeting ရှိတာသိတယ်နော်...
~ဇီးကွက်မျက်မှန်ပုံစံလေးကိုတက်လို့ အမြင်သင့်တဲ့ခေတ်ဆန်ဆန်မြန်မာဝတ်စုံလေးနဲ့ လူကြီးပုံစံဖမ်းနေတဲ့ နှိုင်း ဂျူတီcoat လေးလက်မှာချိတ်လို့...တကယ့်ကိုရိုးရိုးလေးနဲ့ယဉ်ယဉ်လေး
.နောက်ပြီး ဒီနေ့ meeting မှာ နိုင်ငံခြားကို ပညာတော်သင်သွားရမဲ့ သူကိုကြေညာပေးမယ်လို့ပြောတယ်...
.ဟုတ်ကဲ့ မမနှိုင်း...
.ဒါနဲ့ မမနှိုင်း Golden Star Com. နဲ့တွဲလုပ်ထားတဲ့ Project ကို မမနှိုင်းနဲ့ မမမိုးစက် တာဝန်ယူမယ်လို့ကြားတယ်...
.ဟုတ်တယ်...ဆေးရုံအုပ်ပြောတာမမလဲသိပြီးပြီ...
.ဟဲဟဲ...ဒါဆို ကျွန်တော်တို့စားရတော့မှာတော့နော်...တာဝန်ခံဖြစ်တဲ့အထိန်းအမှတ်လေးနဲ့...
.ဟုတ်ပါပြီ...နှိုင်း ..မိုးစက်နဲ့တိုင်ပင်ပြီးမင်းတို့အတွက်စီစဉ်ပေးပါ့မယ်...
.ရေး....ဒါမှ မမနှိုင်းကွ...