At Bar,
.ဥာဏ်ဘုန်း မင်း တိမ်လွှာ့ကိုဖွင့်မပြောသေးဘူးလား...~အတွေးပေါင်းသောင်းခြောက်နဲ့ခေါင်းခဲနေတဲ့ ဥာဏ်ဘုန်းတစ်ယောက် ကောင်းထက်ယံ စကားကြားလိုက်သောအခါ သောက်လက်စ၀ိုင်ခွက်အား ပြန်ချထားရင်း သက်ပြင်းရှည်တစ်ခုချမိလိုက်သည်။
.အင်း...ငါဖွင့်မပြောတော့ရင်ကောင်းမလားလို့ပါ...
.ဘယ်လို ဥာဏ်ဘုန်း မင်းပဲ တိမ်လွှာ့ကို ချစ်နေတာဆို ဘာလို့ဖွင့်မပြောချင်ရတာလဲ ငါတောင်မနေ့ကပဲ မြစိမ်း ကိုဖွင့်ပြောထားတယ် မင်းလဲပြောတော့လေကွာ တိမ်လွှာ့ကို ငါတို့ကျောင်းပြီးဖို့ကသိပ်မလိုတော့တာ...~ကောင်းထက် ဘက်ကအားတက်သရောပြောနေသော်လဲ။
.ကောင်းထက် မင်းနဲ့ငါကသူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနော်...
~၀ိုင်းအစား ၀ီစကီပြောင်းမှာရင်းပြောနေသော ဥာဏ်ဘုန်း။
.အင်း...ဟုတ်တယ်လေ မင်းနဲ့ငါနဲ့ကသူငယ်ချင်းအရင်းကြီးပဲ ပြီးတော့ မင်းညီမနဲ့ငါ့ညီမလေးကလဲငယ်ပေါင်းကြီးဖော်တွေပဲလေ...မင်းညီမလဲငါ့ညီမ ငါ့ညီမလဲမင်းညီမ ငါတို့ကမိသားစုလိုပဲဟာ...ဘာလဲပြဿနာတစ်ခုခုရှိနေလို့လား...
~ဥာဏ်ဘုန်းတစ်ယောက်မျက်နှာမကောင်းထဲကရိပ်မိနေတဲ့ကောင်းထက် စကားလမ်းကြောင်းဖောက်ပေးလာကာမှ။
.မင်းဘက်ကပွင့်လင်းမှတော့ငါလဲ အခုတလောခံစားနေရတာတွေရင်ဖွင့် ရတော့မယ်...အဟက်...
~ပြောရင်းသောက်ရင်း။
.ငါတို့ကညီကိုသံယောဇဉ်တွေနဲ့နေလာတာ ၁၅ နှစ်နီးပါးရှိနေပြီ မင်းငါ့ကိုမှရင်မဖွင့်ရင်ဘယ်သူ့ကိုသွားရင်ဖွင့်မလဲ...
.မင်းပြောတာမှန်တယ် ငါလဲတစ်ယောက်ယောက်ကိုမှရင်မဖွင့်ရရင် ငါ့ဒီရင်ဘက်ကြီးထဲမှာတစ်စို့နေတဲ့အစိုင်အခဲကြီးကတစ်ဖြည်းဖြည်းကြီးလာမှာ...
.ဒီလောက်ဆို ငါသဘောပေါက်ပြီ...ကဲပါ ပြောပါအုန်းမင်းဒီတစ်လော စိတ်ညစ်နေတဲ့အကြောင်းကို...